www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, August 24, 2013

ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာ ပါဝင်မှုရှိ-မရှိ FDA မှ စစ်ဆေးရန် လတ်တလော အစီအစဉ် မရှိသေး

ရန်ကုန် ၊ ၂၄-၈-၂၀၁၃

ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာ ပါဝင်မှု ရှိ- မရှိကို စစ်ဆေးရန် လတ်တလော အစီအစဉ် မရှိသေးကြောင်း ဗဟို အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန ( FDA ) မှ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော် က ပြောကြား ကြောင်း သိရသည်။

စားသုံးသူ ကာကွယ်ရေး အသင်း က ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာ ပါဝင်ကြောင်း စစ်ဆေး တွေ့ရှိ ထားသည်ဟု ဆိုသော်လည်း FDA အနေဖြင့် သတင်း အတိအကျ ရရှိခြင်း မရှိသေးဟု ဒေါက်တာ ထွန်းဇော် က ပြောသည်။ ယခုလ ၁၉ ရက်နေ့က ရန်ကုန်မြို့ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ၌  ဗဟို အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန ( FDA ) ၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန နှင့် လုပ်ငန်းရှင်များ တွေ့ဆုံရာတွင် စားသုံးသူ ကာကွယ်ရေး အသင်းက အထက်ပါ ကိစ္စကို ဆွေးနွေး သွားခြင်း ဖြစ်ကြောင်း သိရသည်။


ငါးပိဖြစ်ရန် လအတန်ကြာ အချိန်ယူ ရသည်ဖြစ်ရာ ငါးပိ မြန်မြန်ပေါ်ရန် ငါးအရိုးများ ဆွေးမြေ့ မြန်စေသည့် ဓာတ်မြေသြဇာ တွင် ပါဝင်သော အက်စစ်ဓာတ် ကို အသုံးပြုခြင်း ဖြစ်နိုင်ကြောင်း ၊ ယူရီးယား ဓာတ်မြေသြဇာ တွင် ပါဝင်သော Carcinogenic Activit မှာ ကင်ဆာရောဂါကို ဆိုးရွားစွာ ဖြစ်စေ နိုင်ကြောင်း သိရသည်။ ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် အစားအသောက် တွင် သုံးစွဲခွင့် မပြုသော ဓာတုပစ္စည်း များကို သုံးစွဲခြင်း မပြုရန် တားမြစ် ထားကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger