www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 22, 2013

တောင်ကြီး မီးပုံးပျံပွဲကြောင့် စက္ကူနှင့် အခြားဆက်စပ် ပစ္စည်းများ ဈေးတက်


တောင်ကြီး ၊ ၂၂-၈-၂၀၁၃

မြန်မာနိုင်ငံ တွင် နှစ်စဉ် ကျင်းပသည့် အကြီးမားဆုံး မီးပုံးပျံပွဲ တစ်ခုဖြစ်သော ရှမ်းပြည်နယ် (တောင်ပိုင်း) ၏ အထင်ကရ ပွဲတော် တန်ဆောင်တိုင် မီးပုံးပျံလွှတ် တင်ပြိုင်ပွဲတွင် အသုံးပြုသည့် စက္ကူ ၊ ဆီစိမ်စက္ကူ ၊ ယမ်းမှုန့် ၊ ကန့်မှုန့် နှင့် အခြား ဓာတုပစ္စည်းများမှာ ယခင်နှစ်ကထက် ဈေးနှုန်း မြင့်တက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ မီးပုံးပျံသုံး စက္ကူများမှာ ညမီးကျည် ၊ မီးပုံးပျံတွင် အသုံးပြုသော ဆီစိမ် စက္ကူ ၂၂ လက်မ တစ်ချပ်လျှင် ယခင် ငွေကျပ် ၂ဝဝ အောက် ပေါက်ဈေးရှိရာ ယခုအခါ ငွေကျပ် ၂၃ဝ မှ ၂၈ဝ အထိ မြင့်တက်သွားကာ စိန်နပန်း မီးပုံးပျံတွင် အသုံးပြုသော စက္ကူပါး ချပ်များမှာ ၂၂ လက်မပတ်လည် တစ်ချပ်လျှင် ငွေကျပ် ၁၅ဝ ရှိရာမှ ယခု အခါ ငွေကျပ် ၁၈၀ မှ ၂ဝဝ အထိ မြင့်တက်ခဲ့ပြီး ပွဲတော် နီးကပ်လာပါက အဆမတန်ဈေး မြင့်တက်မည် စိုးသဖြင့် မီးပုံးပျံ ဝါသနာရှင် များသည် ယခုလဆန်းပိုင်းမှ စတင်၍  ပစ္စည်းများ ဝယ်ယူ စုဆောင်းလျက် ရှိကြောင်း တောင်ကြီး မီးပုံးပျံပြုလုပ်သူ များထံက သိရသည်။

လူငယ်များ ပြုလုပ်သော အရုပ်ခြေ နှစ်ချောင်း ၊ ခြေလေးချောင်း များတွင် အသုံးပြုသော စက္ကူပါး ၂၅ လက်မ တစ်ချပ်လျှင် ယခု ငွေကျပ် ၃၀ အထိ ၀ယ်ယူ နေရသည်ဟု မီးပုံးပျံ ပြုလုပ်သည့် လူငယ် တစ်ဦးက ပြောကြား ခဲ့သည်။

မီးပုံးပျံ အများစုကို တရုတ်နိုင်ငံ မှဝင်သော ပစ္စည်းများဖြင့် အသုံးပြုပြီး ယမ်းစိမ်း များကို ရှမ်းပြည်နယ် ( မြောက်ပိုင်း ) မှ မှာယူရသဖြင့် သယ်ယူစရိတ် များနှင့် ပေါင်းလိုက်ပါက ယခင်ဈေး များထက် ၂ ဆ များပြား နေကြောင်း သိရသည်။


'' တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲသို့ နိုင်ငံခြား ဧည့်သည် ဝင်ရောက်မှု ယခင်နှစ်ထက် ပိုလာနိုင်တယ် ၊ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံ က မီးပုံပျံ ပွဲတော်ကို အာဆီယံ နိုင်ငံတွေထဲမှာ အကြီးဆုံး ပွဲတော် အဖြစ် သတ်မှတ်လို့ ရတဲ့အပြင် ခရီးသွား များအတွက် အမြင်ဆန်းမှုများ ရရှိစေနိုင် ပါတယ် ... " ဟု မီးပုံးပျံ ၀ါသနာရှင် ဦးတင့်ဆန်း က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger