www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 7, 2013

ကမ္ဘာ့ရှားပါး စာရင်းဝင် ဧရာဝတီလင်းပိုင် အကောင်ရေ လျော့ကျမှု မြင့်လာ


ရန်ကုန် ၊ ၇-၈-၂၀၁၃

ကမ္ဘာ့ရှားပါး စာရင်းဝင် ဧရာဝတီ လင်းပိုင်များသည် ယခင်နှစ်များ အတိုင်း အကောင်ရေ လျော့ကျမှုများ ရှိနေကြောင်း ပတ်ဝန်းကျင် မျိုးသုန်း ရေနေ သတ္တ၀ါများ ထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ယင်း ဧရာဝတီ လင်းပိုင်များအား ကာကွယ် ထိန်းသိမ်းမှု လုပ်ငန်းစဉ်များ ပိုမို လုပ်ဆောင်ရန် လိုအပ်ကြောင်း ၊ မည်သည့် အတွက်ကြောင့် အကောင်ရေ လျော့ကျမှုများ ရှိနေသည်ကို လေ့လာ စစ်ဆေးလျက် ရှိပြီး လက်ရှိ အခြေအနေ တွင် အကောင်ရေ ၄၀ မှ ၅၀ ၀န်းကျင်ခန့်သာ ရှိတော့ကြောင်း သိရသည်။

" ဒေသခံတွေက ဘက်ထရီ ရှော့ခ်တိုက်ပြီး ဖမ်းတယ်လို့ သိရတယ် ၊ ငါးကြီးတွေနဲ့ လင်းပိုင် မှားပြီး ဖမ်းတာတွေလည်း ရှိတယ်လို့ ပြောတယ် ၊ သေချာတဲ့ လေ့လာမှုတွေ လုပ်နေပါတယ် ၊ အရင်နှစ် တွေထက် လေ့လာမှု တွေ စိပ်နေဖို့ လိုလာပြီ ... " ဟု ၄င်းက ပြောကြား ခဲ့သည်။




ထို့အပြင် ပတ်ဝန်းကျင် မျိုးသုန်း ရေနေသတ္တ၀ါ ထိန်းသိမ်းရေး ဌာန အနေဖြင့် တစ်လလျှင် နှစ်ကြမ်ခန့် လင်းပိုင် ထိန်းသိမ်းရေး ဧရိယာ အတွင်း ကွင်းဆင်း စစ်ဆေးမှု တွေ ပြုလုပ်ကြောင်း ယင်းကဲ့သို့ ပြုလုပ်ရာတွင် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ကျောက်မြောင်းတွင် ၂၀၁၂ ခုနှစ်က ၁၉ ကောင် ရှိရာမှ ၁၇ ကောင်အထိ လျော့ကျ လာကြောင်း ၊ သပိတ်ကျင်း မှ ရွှေကူမြို့ နားတွင် ၂၇ ကောင်ကျန် ရှိနေပြီး ဗန်းမော်တွင် ၄ ကောင်မျှသာ ရှိတော့ကြောင်း သိရသည်။

အဆိုပါ ထိန်းသိမ်းမှု များကို ၂၀၀၅ ခုနှစ်မှ စတင် လုပ်ဆောင်ခဲ့ပြီး စစ်ကိုင်း ၊ မန္တလေး ၊ မင်းကွန်း နှင့် ကျောက်မြောင်း အကြား ၇၄ မီတာ အကွာအဝေး ရှိ မြစ်ကြောင်း တစ်လျှောက် ထိန်းသိမ်းလျက် ရှိနေကြောင်း အဆိုပါ လျော့ကျမှုတွင် အသေးစိတ် သိရှိနိုင်ရန် မြစ်ခွဲများ အတွင်းပါ ၀င်ရောက် စစ်ဆေး လေ့လာမည် ဖြစ်ပြီး ဒေသခံများ အနေဖြင့်လည်း ပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း သိရသည်။


ဧရာဝတီ လင်းပိုင် များသည် မြန်မာ ၊ ကမ္ဘောဒီးယား ၊ ဗီယက်နမ် ၊ လာအို အစရှိသည့် မဲခေါင် မြစ်ဝှမ်း ဒေသအတွင်း ရှင်သန် နေကြသည့် ရှားပါးရေနေ သတ္တ၀ါ ဖြစ်ပြီး ယခုမျိုးသုန်း အန္တရာယ် နှင့် ရင်ဆိုင် နေရကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger