ရန်ကုန် ၊ ၁၂-၈-၂၀၁၃
မူလတန်းအဆင့် ရခိုင်စာ သင်ရိုးစာအုပ်
များကို မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ အခြေခံ ပညာကျောင်း ၂၅၀၀ ကျော်သို့ ဖြန့်ဝေမည်
ဖြစ်ကြောင်း ရခိုင်စာ သင်ရိုးညွှန်းတမ်း ရေးဆွဲရေး ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား
ခဲ့သည်။
ယင်းကဲ့သို့ လုပ်ဆောင် ရခြင်းသည် ရခိုင်သားတိုင်း
သင်ကြား နိုင်အောင် ရည်ရွယ်ကြောင်း ၊ တိုင်းရင်းသား ဘာသာစကား သင်ကြားရာ၌ တိုင်းရင်းသား
လူမျိုးများ၏ ဘာသာစကား နှင့် ယဉ်ကျေးမှု များ ထိန်းသိမ်း ပြန့်ပွား နိုင်ရေး အတွက် ဖြစ်ကြောင်း
ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေး ကွန်ရက်မှ လွှတ်တော်သို့ တင်သွား ထားသည့် ပညာရေး မူဝါဒကြမ်း
တွင် အကြံပြု ထားကြောင်း သိရသည်။
" မိခင် တိုင်းရင်းသား ဘာသာစကား
ကို မသင်မနေရ ဥပဒေတစ်ရပ် ပြဋ္ဌာန်းရင် ပိုကောင်းမှာပါ ၊ ဘာသာစကား ကို ထိန်းသိမ်း ရမယ့်
တာဝန်တွေ ကိုယ်စီ ရှိပါတယ် ၊ လူမျိုးတိုင်းရဲ့ တာဝန်ပါ ၊ ကျောင်းသုံး ဘာသာရပ် အဖြစ်
အသုံးပြုရင် ပိုကောင်းပါတယ် ... " ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။
အဆိုပါ သင်ရိုးညွှန်းတမ်း စာအုပ် ဖြန့်ဝေရာ၌
ပထမတန်း နှင့် ဒုတိယတန်း များအတွက် ကျောင်းသားကိုင် နှင့် ဆရာကိုင် သင်ရိုး ညွှန်းတမ်း
ဟူ၍ ဖြန့်ဝေမည် ဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ် ဒေသတွင်း တိုင်းရင်းသား များ သာမက ဒေသခြား
များသို့ ရောက်ရှိ နေကြသော တိုင်းရင်းသား များလည်း သင်ကြား နိုင်သည်အထိ လုပ်ဆောင်မည်
ဖြစ်ကြောင်း သိရသည်။
၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် အတွင်း သင်ကြား
နိုင်ရန် စီစဉ် ဆောင်ရွက်ခဲ့ပြီး သြဂုတ်လ အတွင်း ပြီးစီး နိုင်မည်ဟု ခန့်မှန်း ခဲ့သော်လည်း
အနည်းငယ် နောက်ကျခဲ့ကြောင်း ၊ ဆရာကိုင် စာအုပ်များ ပြုစုမှုင နှင့် သင်ကြားရေး ဆိုင်ရာများ
အတွက် သင်တန်းများ ပို့ချ သင်ကြား ပေးနေခြင်းကြောင့် ဖြစ်ကြောင်း ၊ ယင်းစာအုပ် ကို
မတ်လလယ်မှ စတင်၍ ရေးဆွဲ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment