www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 16, 2013

နှစ် ၅၀ အတွင်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် ပုဂ္ဂလိက သတင်းစာ ပထမဆုံးထွက်ရှိ

ရန်ကုန် ၊ ၁၆-၈-၂၀၁၃

မြန်မာနိုင်ငံ ၏ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး ပြန်လည် ထွက်ပေါ် လာသော ပုဂ္ဂလိက နေ့စဉ်ထုတ် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာကို လာမည့် ရက်ပိုင်းအတွင်း ရန်ကုန် ၊ မန္တလေး နှင့် နေပြည်တော် တို့တွင် ဖြန့်ချိသွား တော့မည် ဖြစ်ကြောင်း အဆိုပါ သတင်းစာ တိုက်မှ သိရသည်။

အဆိုပါ သတင်းစာအား သြဂုတ်လ ၈ ရက်တွင် စတင် စမ်းသပ် ထုတ်ဝေနေပြီး Myanma Freedom ဟု အမည် ပေးထားသည်။ မြန်မာနိုင်ငံ တွင် မြန်မာများ ၏ အသံအစစ် နိုင်ငံတကာ ကို ပြသချင်သည့် အတွက် ထုတ်ဝေခြင်း ဖြစ်ကြောင်း Myanma Freedom Daily သတင်းစာ ပိုင်ရှင် အယ်ဒီတာချုပ် ဦးသီဟစော ကပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ တွင် ထုတ်ဝေခဲ့သည့် နေ့စဉ်ထုတ် အင်္ဂလိပ် သတင်းစာ ဖြစ်သည့် အစိုးရပိုင် New Light of Myanmar သတင်းစာ ပြီးပါက Myanma Freedom Daily သတင်းစာ မှာ ပုဂ္ဂလိက ပိုင်အနေဖြင့် ထုတ်ဝေခွင့် ရရှိခဲ့သည့် သတင်းစာ တစ်စောင်လည်း ဖြစ်သည်။

အဆိုပါ အင်္ဂလိပ် သတင်းစာ ကို လေကြောင်းလိုင်းများ ၊ ဟိုတယ်များ ၊ သံရုံးများ ၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပြည်သူများ အတွက် ဦးတည် ထားပြီး သတင်းစာ အား လက်ရှိ အချိန်တွင် စာမျက်နှာ ၂၀ ဖြင့် ဖွဲ့စည်း ထားကာ တစ်စောင်ကို ငွေကျပ် ၂၀၀ နှုန်းဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ သတင်းစာ မထွက်ခင် အချိန်ကပင် အွန်လိုင်း ကဏ္ဍ အနေဖြင့် နေ့စဉ် သတင်းစာ များအား လွှင့်တင်ခဲ့ပြီး သြဂုတ်လ ၈ ရက်မှ စတင်ကာ စမ်းသပ် ထုတ်ဝေ နေသည့် သတင်းစာ တစ်စောင်လုံးအား နိုင်ငံတကာ မှ ကြည့်ရှုနိုင်ရန် အတွက် တင်ပေးနေပြီး နောက်ပိုင်းတွင် Android ဖုန်းများ က တစ်ဆင့် ဖတ်ရှုနိုင်သည် အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger