www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, August 3, 2013

အလှမွေးနှင့် ပိုးလောက်လမ်း ကို အဓိကစားသော ဒေါင်းငါးများ မျိုးသုန်းလာခြင်းကြောင့် ရန်ကုန်တွင် ခြင်ပိုမိုပေါက်ပွားလာ


ရန်ကုန် ၊ ၃-၈-၂၀၁၃

နိုင်ငံတကာ အလှမွေး ငါးဈေးကွက် သို့ တင်ပို့နေသော ပိုးလောက်လမ်း ကို အဓိက စားသည့် ဒေါင်းငါးများ မျိုးသုန်း လာသောကြောင့် ရန်ကုန် တွင် ခြင်ပိုမို ပေါက်ပွား နေရကြောင်း ရေသယံဇာတ ထိန်းသိမ်းရေး ပညာရှင် တစ်ဦးက ပြောကြား ခဲ့သည်။ အဆိုပါ ဒေါင်းငါးများ မှာ ရန်ကုန်မြို့ ၏ ရေမြောင်းများတွင် အဓိက ရှင်သန် နေထိုင်ကြပြီး ဟင်းလျာအတွက် ဖမ်းဆီး လိုသော ငါးများကို ဘက်ထရီ ရှော့တိုက် ဖမ်းဆီးမှု များကြောင့် ဒေါင်းငါးများပါ သေဆုံးရကာ ရှင်သန် ပေါက်ပွားမှုများ ကျဆင်း လာခဲ့သည်။



ထိုဒေါင်းငါး များမှာ ရန်ကုန်မြို့ ၏ ရေမြောင်းများ ထဲတွင် အုပ်စုလိုက် သွားလာ လှုပ်ရှား နေသည်ကို ယခင်က အများအပြား တွေ့ရသော်လည်း ယခုအချိန် တွင် တစ်ကောင်စ ၊ နှစ်ကောင်စ မြင်ရန်ပင် ရှားပါးလျက် ရှိသည်။ ယင်းဒေါင်းငါး များမှာ ပိုးလောက်လမ်း ကို အဓိက အစာအဖြစ် စားသုံး ကြကြောင်း သိရသည်။


အဆိုပါ ဒေါင်းငါး များမှာ လူရော ရောဂါ ရစေနိုင်သော ခြင်ဖြစ်မည့် ပိုးလောက်လမ်း များကို စားသုံးသည့် အပြင် နိုင်ငံတကာ အလှမွေး ငါးဈေးကွက် သို့ တင်ပို့ ရောင်းချ နေရသော အလှမွေး ငါးတစ်မျိုးလည်း ဖြစ်ကြောင်း အလှမွေး ငါးတင်ပို့ ရောင်းချသူ တစ်ဦးက ပြောကြား ခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger