www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, July 20, 2013

ရန်ကုန်မြို့တော်စည်ပင် မှ ခိုင်ခံ့မှုအတွက် အသိအမှတ်မပြုသော အဆောက်အအုံများမှာ သင်္ဃန်းကျွန်း မြို့နယ်တွင် အများဆုံးဖြစ်ကြောင်း သိရ


ရန်ကုန် ၊ ၂၀-၇-၂၀၁၃

ရန်ကုန် စီးပွားရေး မြို့တော်တွင် အဆောက်အအုံ များစွာ တိုးတက် နေသော်လည်း တရားမ၀င် ဆောက်လုပ် ထားသော အဆောက်အအုံ ပေါင်း ၅၀၀ နီးပါးခန့် ရှိ၍ အများစုမှာ သင်္ဃန်းကျွန်း မြို့နယ်တွင် ဖြစ်ကြသည်။ ယင်း အဆောက်အအုံ များ၏ ခိုင်ခံ့မှုကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ တာဝန်ယူထားခြင်း မရှိကြောင်းလည်း သိရသည်။

" သူတို့တွေက အဆောက်အအုံ ဆောက်လုပ်ခွင့် လိုင်စင် မရှိသူတွေနဲ့ ဆောက်ထားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ လည်း သူတို့ ဘယ်လို ဆောက်သလဲ ဆိုတာ မသိဘူးလေ ၊ ဒါကြောင့် ခိုင်ခံ့မှု အတွက် အသိအမှတ် မပြုတာပါ .... " ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၏ အသိအမှတ်ပြု လက်မှတ်ရသော လုပ်ငန်းရှင် များဖြင့် ဆောက်လုပ်ပါက မြေရှင်များ နှင့် အခန်းဝယ်ယူ ထားသူများ ခိုင်ခံ့မှု အတွက် တာဝန်ယူ ရပြီး အကြောင်း တစ်စုံတစ်ရာ ကြောင်း မှားယွင်းမှု ဖြစ်ပေါ်ပါက အသိအမှတ်ပြု လက်မှတ် ရရှိရန် စပေါ်တင် ထားသော ငွေကြေး မှ ပြန်လည် ငွေကြေးမှ ပြန်လည် ပေးလျော်မှု ပြုလုပ် ပေးကြောင်း သိရသည်။

ယခုကာလ များတွင် အများပြည်သူ များနှင့် တိုက်ခန်း ၀ယ်ယူသူများ အနေဖြင့် ဈေးသက်သာမှု နှင့် အခန်းပို ရမှု ၊ ငွေကြေး အလိုက်ရမှု များဖြင့် ဆွဲဆောင် နေသူများ ကို ယုံကြည်ပြီး အဆောက်အအုံ ဆောက်လုပ် သဖြင့် မကြာခဏ ပြဿနာများ ဖြစ်ပေါ် နေကြောင်းလည်း သိရသည်။ အဆောက်အအုံ ဆောက်လုပ်ခွင့် ကို အသိအမှတ် ပြုရာတွင် အထပ်နိမ့် အဆောက်အအုံ အတွက် စပေါ်ငွေ ကျပ်သိန်း ၂၀၀ တင်ထားရပြီး အထပ်မြင့် အဆောက်အအုံ အတွက် စပေါ်ငွေ ကျပ်သိန်း ၅၀၀ တင်ထားရသည်။ အဆိုပါ စပေါ်ငွေမှာ အဆောက်အအုံ တစ်ခုအတွက် သာဖြစ်သော ကြောင့် အကြောင်း တစ်စုံတစ်ရာ ပြဿနာ ဖြစ်ပေါ်လာပါက မြေရှင် နှင့် အခန်းရှင်များ အနေဖြင့် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၏ အကူအညီ ရယူ၍ နစ်နာမှု များကို တောင်းဆို နိုင်ကြောင်း သိရသည်။

ရန်ကုန် မြို့တော် အတွင်း အဆောက်အအုံ ဆောက်လုပ်ခွင့် လက်မှတ် ရရှိသူများ နှင့် ဆောက်လုပ်ပါက စိတ်ချရပြီး လုပ်ငန်း မစတင်မီ အချိန်ကစပြီး အဆောက်အအုံ ပုံစနှင့် အင်ဂျင်နီယာ ၏ တွက်ချက် ထားမှုများကို တင်ပြရကြောင်း သိရသည်။ အဆိုပါ အချက်များ နှင့် လမ်းအကျယ် ၊ အဆောက်အအုံ အမြင့်များ ကိုက်ညီမှသာ ဆောက်လုပ်ခွင့် ချထားပေးပြီး စတင် ဆောက်လုပ်သည်မှ စ၍ အရေးကြီးသော အဆင့်များ ဆောက်လုပ် ရာတွင် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၏ စစ်ဆေးရေး တာဝန်ရှိ သူများက စစ်ဆေး ဆောင်ရွက် ပေးခြင်းများ ပြုလုပ်ကြောင်း သိရသည်။


ထိုသို့ အဆင့်ဆင့် စစ်ဆေးပြီး မှသာ လူနေထိုင်ခွင့် ချထားပေးပြီး ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ က အဆိုပါ အဆောက်အအုံ ၏ ခိုင်ခံ့မှု ကို အာမခံ ပေးခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger