www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 9, 2013

အာဆီယံဆိုင်ရာ ဆွေးနွေးပွဲအား မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်ထားခြင်း


ရန်ကုန် ၊ ၉-၇-၂၀၁၃

အာဆီယံ ဆိုင်ရာ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ ရန်ကုန်မြို့ ရှိ မြန်မာကုန်သည် ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း UMFCCI တွင် လာမည့် ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်၍ ၂ ရက်ကြာ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲအား မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာန နှင့် Hanns Siedel Foundation တို့က ပူးတွဲ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ၄င်း ဆွေးနွေးပွဲတွင် ၂၀၁၄ ခုနှစ်၌ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံ က တာဝန်ယူ ဆောင်ရွက် ရာတွင် ရင်ဆိုင် ရဖွယ် ရှိသည့် စိန်ခေါ်မှုများ ၊ ဒေသတွင်း နှင့် ကမ္ဘာလုံး ဆိုင်ရာ နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ၏ ပြုပြင် ပြောင်းလဲရေးများ အပေါ် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။


ထို့အပြင် ဆက်စပ် ကဏ္ဍရပ် အသီးသီးမှ ကျွမ်းကျင်သူ များအနေဖြင့် ဆွေးနွေးပွဲ ကျင်းပစဉ် အတွင်း ဟောပြော ပို့ချမှုများလည်း ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger