www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 19, 2013

ကုန်သွယ်ရေးမူဝါဒ ပြန်လည်ဆန်းစစ်မှု ၂၀၁၄ တွင် အပြီးသတ်မည်


ရန်ကုန် ၊ ၁၉-၇-၂၀၁၃

မြန်မာနိုင်ငံ တွင် လက်ရှိ သုံးစွဲလျက် ရှိသည့် ကုန်သွယ်ရေး ပေါ်လစီ များကို ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့အစည်း နှင့် ပူးပေါင်းကာ ကုန်သွယ်ရေး မူဝါဒများ ပြန်လည် ဆန်းစစ်မှု များကို ၂၀၁၄ ခုနှစ်တွင် အပြီးသတ် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန မှ သိရသည်။

လက်ရှိ အသုံးပြု နေသည့် ကုန်သွယ်ရေး ပေါ်လစီ များကို ၂၀၁၄ ခုနှစ် မတ်လတွင် အပြီးသတ် ဆန်းစစ်မှုများ ပြုလုပ်ကာ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့အစည်း WTO ၏ သုံးသပ်ချက်များ ကို အခြေပြုကာ ကုန်သွယ်ရေး ပေါ်လစီ များအား ပြန်လည် ရေးဆွဲ သွားမည် ဖြစ်သည်။

ကုန်သွယ်ရေး မူဝါဒများအား ပြန်လည် ဆန်းစစ်ခြင်း လုပ်ငန်း ကို ၂၀၁၂ ခုနှစ်တွင် စတင် လုပ်ဆောင် ခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လ ဒုတိယပတ် အတွင်း အပြီး လုပ်ဆောင်မည် ဖြစ်သည့်အတွက် အချိန်အားဖြင့် ၂ နှစ်သာ ကြာမြင့် သဖြင့် ကုန်သည်များ အနေဖြင့် ကျေနပ်မှုရှိကြောင်း ကုန်သည်များ အသိုင်းအ၀ိုင်းထံ က သိရသည်။


မြန်မာနိုင်ငံ အတွင်းသို့ ပြည်ပ လုပ်ငန်းရှင်များ အနေဖြင့် အချိန်နှင့်အမျှ ၀င်ရောက် လုပ်ကိုင်နိုင်ရန် စောင့်ဆိုင်း နေသည့်အတွက် နောက်ပိုင်း ကာလများတွင် ပြည်တွင်းဈေးကွက် အတွင်း ဈေးကွက် ယှဉ်ပြိုင်မှုများ ပြင်းထန် လာနိုင်ရာ ကုန်သွယ်ရေး မူဝါဒ ကို နိုင်ငံတကာ စံညွှန်းများ အတိုင်း လုပ်ဆောင်မည် ဆိုပါက လုပ်ငန်းရှင်များ နှင့် ကုန်သည်များ အနေဖြင့် တရားမျှတစွာ ဈေးကွက် ယှဉ်ပြိုင် နိုင်မည် ဖြစ်ကြောင်း ပြည်တွင်း လုပ်ငန်းရှင် များက သုံးသပ် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger