www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, July 6, 2013

ရန်ကုန် - မန္တလေး မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်နိုင်ရန် စတင်


ရန်ကုန် ၊ ၆-၇-၂၀၁၃

ဂျပန်နိုင်ငံ ၏ အကူအညီဖြင့် ရန်ကုန် - မန္တလေး မီးရထား လမ်းပိုင်း ကို မြန်နှုန်းမြင့် သွားလာ နိုင်ရန် အတွက် အဆင့်မြှင့်တင်မှု များကို စတင် ပြုလုပ် နေပြီ ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်း(၇) မှ ဦးကျော်ကျော်မျိုး က ပြောကြား ခဲ့သည်။

အဆိုပါ လမ်းပိုင်းကို အဆင့်မြှင့်တင်မှု များပြုလုပ် ရန်အတွက် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA နှင့် မြန်မာ့ မီးရထား မှ တာဝန်ရှိ သူများသည် ဇွန်လ ၂၈ ရက်က နေပြည်တော် ရှိ မြန်မာ့ မီးရထား ရုံးချုပ်၌ တွေ့ဆုံပြီး ဇူလိုင်လ ၁ ရက်က ရန်ကုန်မြို့သို့ လာရောက်ပြီး တာဝန်ရှိ သူများနှင့် တွေ့ဆုံ၍ ကနဦး စတင် လုပ်ဆောင်ရမည့် လမ်းပိုင်းများ ကို လေ့လာမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ အနေဖြင့် မြန်မာ့ မီးရထား သယ်ယူ ပို့ဆောင်ရေး ကဏ္ဍကို အဆင့်မြှင့်တင် နိုင်ရန် ရန်ကုန် - မန္တလေး လမ်းပိုင်းရှိ ရန်ကုန် - ပဲခူး လမ်းပိုင်းကို စံပြ အနေဖြင့် စတင်ကာ သင်တန်း ပို့ချပေး သွားမည် ဖြစ်ကြောင်း သိရသည်။

" အခု ရန်ကုန် - မန္တလေး လမ်းပိုင်းကို အဆင့်မြှင့်တင် ဖို့အတွက် စပြီး လုပ်ကိုင် နေပြီလို့ ပြောလို့ရတယ် ၊ အခု ကနဦး အနေနဲ့ ရန်ကုန် - ပဲခူး လမ်းပိုင်းထဲက ကီလိုမီတာ ၂၀ ကို စပြီးတော့ လုပ်ကိုင် သွားမှာပါ ၊ ကျွန်တော်တို့ ပထမဆုံး ထင်တာက ဂျပန်က လမ်းပြင် ပေးမယ်လို့ ထင်ထားတာ ၊ ဒါပေမယ့် သူတို့က ဒီထက် ကောင်းတဲ့ ပြင်ဆင်မှု ကို ကျွန်တော်တို့ကို ပေးမယ်လို့ ပြောတယ် ၊ ဘာလဲ ဆိုရင် သူတို့ရဲ့ နည်းပညာပိုင်း ကို ဒီကလူတွေ တတ်မြောက် သွားအောင် တစ်ခါတည်း သင်ပေး သွားမှာ ဖြစ်တယ် ၊ သူတို့က နည်းပညာပိုင်း ပေးမှာ ၊ ကျွန်တော်တို့က လိုက်ပြီးတော့ သင်ယူရမှာ .... " ဟု ဦးကျော်ကျော်မျိုး က ပြောကြား ခဲ့သည်။

ကနဦး အနေဖြင့် စံပြ ပြုလုပ်မည့် မီးရထား လမ်းပိုင်းမှာ ရန်ကုန် - ပဲခူး လမ်းပိုင်းအရှည် ဖြစ်သည့် ၇၄ ဒသမ ၈ ကီလိုမီတာ ရှိတဲ့ အထဲက ကီလိုမီတာ ၂၀ ကို သင်ကြား ပေးသွားမည် ဖြစ်ပြီး ထိုကဲ့သို့ ဂျပန်နိုင်ငံ မှ နည်းပညာပိုင်း လာရောက် ကူညီရာတွင် ဂျပန်နိုင်ငံ ၏ နည်းပညာ ကုမ္ပဏီကြီး ၃ ခုမှ ပညာရှင်များ လာရောက်ကာ သင်ကြား ပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။

မိုင်ပေါင်း ၄၃၀ ရှည်လျားသည့် ရန်ကုန် - မန္တလေး လမ်းပိုင်းကို အဆင့်မြှင့်တင် ပြီးပါက အဆိုပါ ခရီးစဉ်ကို သွားလာမည် ဆိုသည့်အခါ အခု လက်ရှိ သွားလာနေသည့် အချိန်ထက် ပိုမို လျင်မြန်စွာ ရောက်ရှိ သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။


" ဒီလမ်းပိုင်းကို နောက်ပိုင်းမှာ ကျွန်တော်တို့ပဲ လုပ်သွား ရမလား မသိဘူး ၊ သူတို့က သင်ကြားပေးမှု အပိုင်းပဲ ဆိုတော့ သေချာတော့ မပြောနိုင် သေးဘူး ၊ ဒီလမ်းပိုင်း ပြီးသွားရင် အခု ရန်ကုန် - မန္တလေး ခရီးစဉ်ကို အချိန် ၁၆ နာရီ မောင်းရတာ ကနေ ၁၂ နာရီ လောက်ပဲ မောင်းရ တော့မှာပါ ၊ ရထားက တစ်နာရီကို ၄၅ မိုင်နှုန်း မောင်းလို့ ရတယ် ဆိုပေမယ့် လက်ရှိတော့ မမောင်းနိုင် သေးပါဘူး  .... " ဟု ဦးကျော်ကျော်မျိုးက ဆက်လက် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger