www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, July 21, 2013

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား ၂၇ ဦးအား တာချီလိတ်မြို့တွင် လွှဲပြောင်း


တာချီလိတ် ၊ ၂၁-၇-၂၀၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ တွင် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ခရိုင် / မြို့နယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဝင်များ ဖြစ်သော မကဖ(၈)မှ ဦးဝင်းအောင် ဦးစီးသော ဌာနဆိုင်ရာ များ ပါဝင်သော တာဝန်ရှိ သူများသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လူဝင်မှု ကြီးကြပ်ရေး မှ ဦးစီးအရာရှိ နထ၀ပ် ဆန်ဒူဆအမ် ၊ မယ်ဆိုင်ခရိုင် လ၀ကမှူး ဖနော်ကျာ လူဖက် ၊ မယ်ဆိုင်ခရိုင် ဒုလ၀ကမှူး ဆတ်ဒါးရန်စုကမ်း နှင့် ဒုလ၀ကမှူး ယဆဲန်မုမ်ဟန်ဆန် တို့မှ အမှတ်(၁) ချစ်ကြည်ရေး တံတားတွင် လာရောက် လွှဲပြောင်း ပေးသော အလုပ်သမား အမျိုးသား ၂၅ ဦး ၊ အမျိုးသမီး ၂ ဦးကို လက်ခံခဲ့ကြောင်း သိရသည်။

ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသား ၂၇ ဦးတို့အား တာချီလိတ်မြို့ ၊ မကာဟိုခမ်း ရပ်ကွက်ရှိ မဟာမြတ်မုနိ ဘုရားကျောင်း တွင် ခေတ္တ နေရာချထားပြီး ပူးပေါင်း အဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက် ခဲ့ပြီး ၊ နေထိုင်ခွင့်ကတ် များ မရှိခြင်း နှင့် နယ်စပ် ဖြတ်သန်းခွင့် ၇ ရက် ကျော်လွန်ခြင်း တို့ကြောင့် ရှောင်တခင် စစ်ဆေးချက် အရ ဖမ်းဆီး ခံရခြင်း ဖြစ်ပြီး ၄င်းတို့မှာ လူကုန်ကူး ခံရခြင်း မရှိကြောင်း ၊ လွှဲပြောင်း အလုပ်သမား ၂၇ ဦးအား မြို့နယ် အုပ်ချုပ်ရေးမှူး အစီအစဉ် ဖြင့် ၄င်းတို့၏ မိဘဆွေမျိုး များထံ နေ့လည် ၃ နာရီခွဲ အချိန်တွင် ခံဝန်ဖြင့် ပြန်လည် အပ်နှံပေး ခဲ့ကြောင်း သိရသည်။


ထိုင်းနိုင်ငံမှ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်အထိ လွှဲပြောင်း ပေးသည့် မြန်မာ အလုပ်သမား အမျိုးသား ၄၇၂၉ ဦး ၊ အမျိုးသမီး ၁၆၁၉ ဦး ၊ စုစုပေါင်း ၆၃၄၈ ဦး ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger