www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 1, 2013

ကျောက်စိမ်း အချောထည်လုပ်ငန်းများ ဖက်စပ် လုပ်ကိုင်ရန် ကမ်းလှမ်းမှုများ ရှိလာ



ရန်ကုန် ၊ ၁-၇-၂၀၁၃

အနောက် ဥရောပ နှင့် အမေရိကား ဈေးကွက်တွင် နာမည်ရှိပြီး ဖြစ်သည့် မြန်မာ့ ကျောက်မျက် ရတနာ များတွင် ကျောက်စိမ်း အချောထည် ဈေးကွက် နှင့် ပတ်သက်၍ ဈေးကွက် တိုက်ရိုက် ထိုးဖောက်မှုများ ပြုလုပ်ရန် အတွက် မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်းရှင် များအနေဖြင့် နိုင်ငံတကာ မှ ကျောက်မျက် လုပ်ငန်းရှင် များနှင့် ဖက်စပ် လုပ်ကိုင် နိုင်ရန်အတွက် ဖိတ်ခေါ် မှုများ ပြုလုပ် လာကြောင်း သိရသည်။

ထိုကဲ့သို့ ဖိတ်ခေါ်မှုများ ပြုလုပ် သကဲ့သို့ တရုတ် ၊ အိန္ဒိယ ၊ ဗီယက်နမ် ၊ သီရိလင်္ကာ ၊ တရုတ် (တိုင်ပေ) ၊ နိုင်ငံတို့က လည်း စိတ်ဝင်တစား ကမ်းလှမ်းမှုများ ရှိလာ ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ ကျောက်စိမ်း ဈေးကွက်တွင် မြန်မာ့ ကျောက်စိမ်းသည် ဈေးကွက်၏ ၉၀ ရာခိုင်နှုန်း နီးပါး နေရာယူ ထားသော်လည်း ကျောက်စိမ်း အချောထည် ထုတ်လုပ်နိုင်မှု တွင် နည်းပညာ နှင့် ဈေးကွက် ပြဿနာကြောင့် အကျိုးအမြတ် နည်းပါး နေသေးသည့် စိန်ခေါ်မှု များကို ကျော်လွှားနိုင်ရန် နိုင်ငံတကာ မှ ကျောက်စိမ်း အချောထည် ထုတ်လုပ် နေသည့် ကုန်သည်ကြီး များနှင့် ဖက်စပ် လုပ်ကိုင်ရန် ဖိတ်ခေါ် ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။


ယင်းကဲ့သို့ ဖိတ်ခေါ်ခဲ့ ရာတွင် မြန်မာ့ ကျောက်မျက်များအား အဓိက ၀ယ်ယူ နေသည့် တရုတ် ၊ အိန္ဒိယ ၊ ဗီယက်နမ် ၊ သီရိလင်္ကာ ၊ တရုတ် (တိုင်ပေ) နိုင်ငံတို့က လည်း စိတ်ဝင်တစား ကမ်းလှမ်းမှုများ ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger