www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 11, 2013

၂၀၁၃ ခုနှစ် အမျိုးသား တံခွန်စိုက် အမျိုးသား အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲ နှင့် အသက် ၁၈ နှစ်အောက် အမျိုးသား အမျိုးသမီး ပြိုင်ပွဲကျင်းပမည်


ရန်ကုန် ၊ ၁၁-၆-၂၀၁၃

အားကစား ၀န်ကြီးဌာန ၊ အားကစား နှင့် ကာယပညာ ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ်က ကြီးမှူး၍ ၂၀၁၃ ခုနှစ် ၊ အမျိုးသား တံခွန်စိုက် အမျိုးသား အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲနှင့် အသက် ၁၈ နှစ်အောက် အမျိုးသား အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှ သြဂုတ်လ ၂ ရက်နေ့ အထိ ရန်ကုန်မြို့ အောင်ဆန်း အားကစား ပြိုင်ဝင်း ၊ မိုးလုံလေလုံ အားစကားရုံ ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အသက် ၁၈ နှစ်အောက် အမျိုးသား အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲ အတွက် ၁၉၈၅ ခုနှစ် မွေးဖွားသူ ဖြစ်၍ အသက် စိစစ်နိုင်ရေး အတွက် မှတ်ပုံတင် မူရင်း တင်ပြနိုင် ရမည် ဖြစ်သည်။ ပွဲစဉ် မဲနှိုက်ရေးဆွဲခြင်း နှင့် အသက်စိစစ်ခြင်း ကို အောင်ဆန်း အားကစား ပြိုင်ဝင်း ၊ မိုးလုံလေလုံ အားကစားရုံ ၌ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ နံန်က ၁၀ နာရီတွင် ပြုလုပ် သွားမည် ဖြစ်သည်။


အဆိုပါ ပြိုင်ပွဲနှင့်အတူ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အတွက် စခန်းသွင်း လေ့ကျင့်နေသော ပဏာမ မြန်မာ့ လက်ရွေးစင် အမျိုးသား အမျိုးသမီး ဘတ်စကက်ဘော အသင်းနှင့် အမေရိကန် နိုင်ငံ Vision Sports အားကစား အဖွဲ့တို့၏ ဆီးဂိမ်း အကြို လက်ရည်စမ်း ပွဲများကို လည်း ပူးတွဲ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger