www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, June 2, 2013

ထန်မဆန်းလိုဏ်ဂူတွင်း ရှိ ကျောက်စက် ကျောက်ပန်းများ အား ပြည်တွင်ပြည်ပ ဧည့်သည်များ စိတ်ဝင်စား






တောင်ကြီး ၊ ၂-၆-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၊ ဟိုပုံးမြို့ နှင့် ၁၅ မိုင်ခန့် ကွာဝေးသော လွိုင်လင် - တောင်ကြီး ကားလမ်းမ ကြီးပေါ်တွင် တည်ရှိသည့် " ထန်မဆန်းလိုဏ်ဂူ " သည် သဘာသ လိုဏ်ဂူ ဖြစ်ပြီး လပြည့် လကွယ် ရက်များနှင့် စနေ ၊ တနင်္ဂနွေ ရက်များတွင် လေ့လာသူ များနှင့် အထူး စည်ကားလျက် ရှိပြီး ဒေသခံ ပြည်သူများ အပြင် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည် များပါ အဆိုပါ လိုဏ်ဂူ အတွင်းရှိ သဘာဝ ကျောက်စက် ၊ ကျောက်ပန်းဆွဲ များကို လေ့လာ မှတ်တမ်းတင် ခြင်းနှင့် ကျောက်ပန်းဆွဲ အလှကို ပုံတူ ပန်းချီ ရေးဆွဲခြင်းများ ပြုလုပ် ကြလျက် ရှိကြောင်း သိရသည်။


အဆိုပါ " ထန်မဆန်း လိုဏ်ဂူ " သို့ ရပ်နီး ရပ်ဝေး နှင့် ကမ္ဘာ့လှည့် ခရီးသွား ဘုရားဖူး ဧည့်သည်များ ၁၅၀၀ ဦးမှ ၂၅၀၀ ဦးခန့် အထိ နေ့စဉ် လာရောက် ဖူးမျှော်လျက် ရှိပြီး လာရောက် ကြသည့် ဘုရားဖူး ဧည့်သည် များကိုလည်း သက်သတ်လွတ် ထမင်းများဖြင့် ကျွေးမွေး ဧည့်ခံခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger