www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 13, 2013

တောင်ကိုရီးယား နိုင်ငံသည် နှစ်နိုင်ငံအစိုးရအဆင့် ဆွေးနွေးပွဲ ပျက်ပြား သွားသော်လည်း မြောက်ကိုရီးယား နှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် ကြိုးပမ်းလျက် ရှိခြင်း


၁၃-၆-၂၀၁၃

တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့၌ ဇွန်လ ၁၂ ရက်နေ့တွင် ၂ ရက်ကြာ ကျင်းပရန် စီစဉ်ထားသော တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား တို့၏ အစိုးရအဆင့် ဆွေးနွေးပွဲ အစီအစဉ် ရုတ်တရက် ပျက်ပြား သွားသော်လည်း တောင်ကိုရီးယား နိုင်ငံက အခြား ဆွေးနွေးပွဲ များတွင် မြောက်ကိုရီးယား ပါဝင်လာရေး ဆက်လက် တိုက်တွန်း ပြောကြား သွားမည် ဖြစ်ကြောင်း ဇွန်လ ၁၁ ရက်နေ့ NEWS now သတင်းတစ်ပုဒ် အရ သိရသည်။

တောင်ကိုရီးယား အစိုးရ အနေဖြင့် တံခါးဖွင့် ဆွေးနွေးပွဲ များပြုလုပ်ရန် လမ်းဖွင့် ပေးထားဆဲ ဖြစ်ကြောင်း ၊ အဆိုပါ အစိုးရအဆင့် ဆွေးနွေးပွဲသည် နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့များအား ခေါင်းဆောင်မည့် သူများနှင့် ပတ်သက်၍ သဘော တူညီမှု မရရှိသောကြောင့် ပျက်ပြား သွားရခြင်း ဖြစ်ကြောင်း နှင့် ဇွန်လ ၁၁ ရက်နေ့ နေ့လည်ပိုင်း တွင် အဆိုပါ သဘော မတူညီမှုကို ဖြေရှင်းရေး သည်လည်း ပျက်ပြား သွားကြောင်း သိရသည်။တောင်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် အဆင့်အတန်း နှင့် ပတ်သက်၍ ကန့်ကွက်မှုများ ရှိသောကြောင့် မြောက်ကိုရီးယား နိုင်ငံက ၄င်းတို့၏ ကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်ခြင်း မပြုကြောင်း တောင်ကိုရီးယား နိုင်ငံကို အကြောင်းကြား ခဲ့သည်။ 

တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက အဆိုပါ ဆွေးနွေးပွဲ ပျက်ပြားခြင်း နှင့် ပတ်သက်၍ စိတ်မကောင်း ကြောင်း ထုတ်ဖော် ပြောကြား ခဲ့ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်း သို့ ၀င်ဆံ့မှုမှ သွေဖယ်ခြင်း အပေါ် မြောက်ကိုရီးယား နိုင်ငံကို အပြစ်တင် ဝေဖန်ခဲ့ကြောင်း သိရှိရသည်။ မြောက်ကိုရီးယး နိုင်ငံက အဆိုပါ ဆွေးနွေးပွဲ ပျက်ပြားခြင်း နှင့် ပတ်သက်၍ တရားဝင် တုံ့ပြန် ပြောကြား ခဲ့ခြင်း မရှိကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger