www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 9, 2013

တရားမ၀င် လာရောက် အလုပ်လုပ်ကိုင် သူများ နေရပ်သို့ ပြန်လည်ပို့ဆောင်




ကျိုင်းတုံ ၊ ၉-၅-၂၀၁၃

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ ဟဲဟိုးလေဆိပ် မှ တာချီလိတ် လေဆိပ်သို့ လေကြောင်းဖြင့် လိုက်ပါ လာသော ခရီးသည် များအား စစ်ဆေးစဉ် အမျိုးသား ၅ ဦး နှင့် အမျိုးသမီး ၆ ဦးအား သင်္ကာမကင်း ဖွယ်ရာ တွေ့ရှိရ သဖြင့် လေဆိပ် လုံခြုံရေး တာဝန်ကျ ဒုရဲအုပ် ၀ဿန်ကျော် မှ လူကုန်ကူး (အထူး) အဖွဲ့ရုံးသို့ ပို့ဆောင် မေးမြန်းရာ အဆိုပါ ခရီးသည် များသည် တာချီလိတ် မြို့တွင် ဆွေမျိုး သားချင်း တစ်ဦး တစ်ယောက်မျှ မရှိဘဲ တစ်ဖက်နိုင်ငံ ရှိ ချင်းရိုင် ၊ ချင်းမိုင် နှင့် ဘန်ကောက်မြို့ များတွင် အလုပ်လုပ် ကိုင်နေသော ဆွေမျိုးထံသို့ တရားမ၀င် သွားရောက် အလုပ်လုပ် ကိုင်ရန် ရောက်ရှိ လာခြင်း ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ ကြောင်း သိရသည်။

ထို့ကြောင့် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး (အထူး) အဖွဲ့မှ နှစ်နိုင်ငံ ညှိနှိုင်းချက် အရ တစ်ဖက်နိုင်ငံတွင် ရောက်ရှိ နေသော တရားမ၀င် ရွှေ့ပြောင်း လုပ်သား များအား ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ် ပေးခြင်းကို မေလ ၁၅ ရက်နေ့တွင် ရပ်ဆိုင်းမည် ဖြစ်ပြီး နိုင်ငံကူး လက်မှတ် မရှိသူ များအား စစ်ဆေး ဖမ်းဆီးကာ သက်ဆိုင်ရာ သို့ လွှဲပြောင်း ပေးအပ် သွားမည် ဖြစ်ကြောင်း ၊ သို့ဖြစ်၍ တရားမ၀င် ရွှေ့ပြောင်း သွားလာခြင်းမှ လူကုန်ကူး ခံရပုံကို မှုခင်း ဖြစ်စဉ် များနှင့် ရှင်းလင်း ဟောပြော ခဲ့ပြီး ၄င်းတို့ ၁၁ ဦးအား ညနေ ၄ နာရီခွဲ အချိန်တွင် တာချီလိတ် - တောင်ကြီး ခရီးသည်တင် အမြန်ယာဉ် ဖြင့် နေရပ်သို့ ပြန်လည် ပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger