www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 3, 2013

မြ၀တီနေ့စဉ်သတင်းစာ စာမျက်နှာ ၂၄ မျက်နှာဖြင့် စာဖတ်ပရိသတ် လက်ဝယ် အရောက်ဖြန့်ချိ




နေပြည်တော် ၊ ၃-၅-၂၀၁၃

မြန်မာနိုင်ငံတွင် ပထမ ဦးဆုံး နေ့စဉ် ရောင်စုံ သတင်းစာ အဖြစ် မြ၀တီ နေ့စဉ် သတင်းစာ ကို ၂၀၁၁ ခုနှစ် ၊ ဧပြီ ၁ ရက်တွင် တစ်ပြည်လုံး သို့ စတင် ဖြန့်ချခဲ့ရာ ၂၀၁၃ ခုနှစ် မေလ ၁ ရက်တွင် သက်တမ်း ၂ နှစ် နှင့် တစ်လ သို့ ရောက်ရှိ ခဲ့ပြီ ဖြစ်သည်။

ယခင်က မြ၀တီ နေ့စဉ် သတင်းစာ ကို စာမျက်နှာ ၁၆ မျက်နှာဖြင့် ဖွဲ့စည်း ထားပြီး နေပြည်တော် တွင် ပုံနှိပ် ထုတ်ဝေ၍ ရန်ကုန် ၊ မန္တလေး နှင့် အခြား မြို့ကြီး များသို့ နေ့ချင်း အရောက် ဖြန့်ချိ ပေးခဲ့သည်။ နေပြည်တော် တွင် ပုံနှိပ်၍ မြန်မာ တစ်ပြည်လုံး သို့ ဖြန့်ချိရာတွင် သယ်ယူ ပို့ဆောင်ရေး အခက်အခဲ များကြောင့် ရောက်ရှိချိန် ကြန့်ကြာမှုများ မဖြစ်ပေါ် စေရေး နှင့် ရန်ကုန် စာဖတ် ပရိသတ်များ လက်ဝယ်သို့ အစောဆုံး ရောက်ရှိ နိုင်ရန် အတွက် မြ၀တီ သတင်းစာတိုက် (ရုံးခွဲ) ရန်ကုန်၏ ပုံနှိပ်စက်ရုံ နှင့် ပတ်လည် ပုံနှိပ်စက် သစ်ကို ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး ၊ ရန်ကင်းမြို့နယ် ၊ မိုးကောင်းလမ်း တွင် စက်တပ်ဆင် ပြီးစီး၍ စတင် လည်ပတ်လျက် ရှိသည်။

မြ၀တီ နေ့စဉ် သတင်းစာ ကို ထူးခြားသော အသွင်သစ် ၊ အမြင်သစ် များဖြင့် လက်ရှိ ဖော်ပြလျက် ရှိသော ကဏ္ဍများထက် နိုင်ငံတကာ စစ်ရေး သတင်း ၊ ပြည်တွင်း ပြည်ပ ဈေးကွက် သတင်း ၊ အီလက် ထရောနစ် နှင့် အိုင်တီ နည်းပညာ သတင်း ၊ လူသုံးကုန် ၊ အလှကုန် ပစ္စည်း သတင်း ၊ ပြည်တွင်း ပြည်ပ မှုခင်း သတင်း ၊ ခရီးသွား ကဏ္ဍသတင်း ၊ ကုန်စည် သတင်း ၊ ကျန်းမာရေး သတင်း ၊ အားကစား သတင်း တို့အပြင် ၀တ္ထု ၊ ဆောင်းပါး ၊ ကဗျာ ၊ ကာတွန်း တို့ကို ပြည့်စုံစွာ ဖော်ပြ နိုင်ရန် အတွက် ယခင် စာမျက်နှာ ၁၆ မျက်နှာဖြင့် ထုတ်ဝေ နေရာမှ မေလ ၁ ရက်မှ စတင်၍ ထပ်တိုး စာမျက်နှာ ၈ မျက်နှာ အပါအ၀င် စုစုပေါင်း ၂၄ မျက်နှာ ဖြင့် တိုးချဲ့ ပုံနှိပ် ထုတ်ဝေ ခြင်း ဖြစ်သည်။

မေလ ၁ ရက် နံနက် ၈ နာရီခန့်က ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် ၊ ဆူးလေ ဘုရားလမ်း ၊ ကုန်သည်ကြီးများ ဟိုတယ် အနီးရှိ ဘတ်စ်ကား မှတ်တိုင် တွင် ခရီးသွား ပြည်သူများ အား မြ၀တီ နေ့စဉ် သတင်းစာ များကို သတင်းထောက် တစ်ဦးမှ မေတ္တာ လက်ဆောင် ဝေငှခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger