www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 6, 2013

အဆင့်မီသော ဆေးရုံကြီးအဖြစ် တိုးမြှင့်ဆောင်ရွက်ရန် အများပြည်သူဝိုင်းဝန်း ကူညီဆောင်ရွက်ရန်လို




ရန်ကုန် ၊ ၆-၃-၂၀၁၃

သက်တမ်းအားဖြင့် နှစ်ပေါင်း တစ်ရာကျော်ပြီ ဖြစ်သည့် ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ကို အဖက်ဖက်မှ အဆင့် မြှင့်တင်ရန် ကြိုးပမ်း ဆောင်ရွက် နေချိန်၌ ဆေးရုံကြီးတွင် စွမ်းဆောင် ပေးနေသည့် ကျန်းမာရေး စောင့်ရှောက် ကုသမှု လုပ်ငန်းများတွင် သုံးစွဲမည့် ရန်ပုံငွေ များအား ပိုမို ခွဲဝေချထား ပေးကြောင်ငး သိရသည်။ ရန်ပုံငွေများ တိုးမြင့် ချထား သော်လည်း ရရှိသည့် ရန်ပုံငွေ များမှာ များသော အားဖြင့် ၀န်ထမ်းများ တိုးမြှင့် ခန့်ထားခြင်း လုပ်ငန်း နှင့် တည်ဆောက်ရေး လုပ်ငန်း များတွင်သာ အကျိုး ဖြစ်ထွန်း သည်ကို တွေ့ရပြီး ဆေးကုသသည့် စက်ကိရိယာ များအား တိုးချဲ့ ၀ယ်ယူ နိုင်ခြင်း မရှိကြောင်း ရန်ကုန် ပြည်သူ့ ဆေးရုံကြီး တာဝန်ရှိသူ ထံမှ သိရသည်။

၁၉၀၅ ခုနှစ်က ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ပင်မဆောင် အဆောင်နီ ကြီးကို ၁၈၉၉ ခုနှစ်၌ လေဟာပြင်ဈေး (ယခု မြေကွက်လပ် ဖြစ်နေသည့် နေရာ) တွင် သစ်သား အဆောက်အဦ လေးဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်ဟု မှတ်တမ်းများ အရ သိရသည်။ ယင်းနောက် ၁၉၀၅ ခုနှစ်တါင် ယခု မြင်တွေ့ရသည့် အဆောင်နီကြီး ကို တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။ ယခင် လူဦးရေ အနေအထား နှင့် လူနာ အချိုးအစား ၊ ဆေးရုံရှိ လူနာခန်း များမှာ တစ်ခန်းလျှင် လူနှစ်ဆယ်စာ လောက် ရည်မှန်းကာ ဆောက်လုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး သည် တိုးတက် လာသည့် လူဦးရေ အခြေအနေ ၊ ကျန်းမာရေး စောင့်ရှောက်မှု အင်အား ၊ ပစ္စည်း ပစ္စယ တိုးတက် လာမှုများကြောင့် လူ နှစ်ဆယ် ထားရမည့် အခန်းတွင် လူငါးဆယ် ကနေ ခုနှစ်ဆယ် ၊ တစ်ရာ လောက်ထိ လူနာများ လက်ခံပြီး စောင့်ရှောက် ကုသမှုကို ပေးနေရကြောင်း ၊ လုပ်ငန်းမှာ Over Load ဖြစ်နေပြီး အဆောက်အဦ မှာလည်း ရှေးဟောင်း အဆောက်အဦ အဖြစ် ထိန်းသိမ်းရန် မူလ ဆောက်ထားသည့် အဆောက်အဦ ကို ဟိုနားကတိုး ၊ ဒီနားကချဲ့ ၀ရန်တာ လုပ်ရမယ့် နေရာ တွေကိုလည်း ပါတေးရှင်း တွေထိုးကာ အခန်းတွေဖွဲ့ပြီး လူနာတွေကို လက်ခံရကြောင်း ၊ Structrue အနေနဲ့ Over Load  ဖြစ်နေသလို Function ပိုင်း အနေနှင့်လည်း Over Load ဖြစ်နေသည့် ဆေးရုံကြီးလည်း ဖြစ်ကြောင်း ၊ အခြေအနေ အရပ်ရပ်ကို လေ့လာပြီး အဆင့်မြှင့်ဖို့ ကြိုးပမ်းတဲ့ ကာလမှာ အဆောက်အဦ ကို ပြင်ဆင် ထိန်းသိမ်းသည့် အပိုင်းက ပြင်ဆင် ထိန်းသိမ်း ၊ Over Load ဖြစ်နေတာ တွေကိုလည်း သူ့ဝန်နဲ့ သူ့အား မျှအောင် ပြန်လည် ဖြေလျော့ပြီး အဆောက်အဦ နေရာတွေကို ရွှေ့သင့်သာ ရွှေ့ပြောင်း ၊ လိုအပ်ရင် အသစ်ဆောက် သင့်တာဆောက် ဖို့ ၂၀၁၃ ခုနှစ် နောက်ပိုင်းမှာ တည်ဆောက်တဲ့ ဆေးရုံသစ် သည် လုပ်ငန်းပိုင်း မှာရော အဆောက်အဦ ပိုင်းမှာပါ ခေတ်မီ အဆင့်မြင့် တဲ့ ဆေးရုံကြီး တစ်ရုံ ဖြစ်ဖို့အတွက် ကြိုးပမ်းတဲ့ ကာလ ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ပြည်သူ့ ဆေးရုံကြီး သည် ရန်ကုန်မြို့၏ မျက်နှာ ဖြစ်သကဲ့သို့ နိုင်ငံ၏ အကြီးဆုံး နိုင်ငံကို ကိုယ်စားပြုသည့် ဆေးရုံ တစ်ရုံ ဖြစ်သည်။ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ သာမကဘဲ သင်ကြားရေး လုပ်ငန်းများ ပါ ဆောင်ရွက် ပေးလျက် ရှိသည့် ဆေးရုံကြီးလည်း ဖြစ်သည်။ ၄င်း ဆေးရုံကြီးသည် မြန်မာနိုင်ငံ၏ ကျန်းမာရေး အဆင့်အတန်း ကို ကိုယ်စားပြုသည့် ဆေးရုံ တစ်ရုံဖြစ်ပြီး အဆင့်မီသော ဆေးရုံ အဖြစ် တိုးမြှင့် ဆောင်ရွက်ရန် ပြည်တွင်း ပြည်ပမှ အလှူရှင်များ ၊ စေတနာရှင်များ အသိပညာရှင် အတတ် ပညာရှင်များ အနေဖြင့် ၀ိုင်းဝန်း ကူညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger