www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 8, 2013

နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများ မြှင့်တင်ရန် ထိုင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံ



မန္တလေး ၊ ၈-၃-၂၀၁၃

မန္တလေးတိုင်း ဒေသကြီး ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း နှင့် ထိုင်းနိုင်ငံ စီးပွားရေး လုပ်ငန်း ကုမ္ပဏီ ၂၆ ခုမှ စီးပွားရေး လုပ်ငန်းရှင်များ နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းများ မြှင့်တင်ရန် ရည်ရွယ်ပြီး ရောင်းသူ ၀ယ်သူ တွေ့ဆုံ ဆွေးနွေးပွဲကို မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီ အချိန်က Mandalay Hill Resort Hotel ၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ Thai Factory Looking for Myanmar Partners တွေ့ဆုံ ဆွေးနွေးပွဲတွင် မန္တလေးတိုင်း ဒေသကြီး ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမြင့် နှင့် ထိုင်းနိုင်ငံ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေး ဌာနမှ Mr. Matyawongse Anatyakul တို့က အဖွင့် အမှာစကား အသီးသီး ပြောကြား ကြပြီး နှစ်နိုင်ငံ အပြန်အလှန် လက်ဆောင် ပစ္စည်းများ ပေးအပ် ကြသည်။

ယင်းနောက် စိုက်ပျိုးရေးသုံး ပစ္စည်းများ ၊ ကားအပို ပစ္စည်းများ ၊ ဆောက်လုပ်ရေး ပစ္စည်းများ ၊ လျှပ်စစ် ပစ္စည်းများ ၊ စက်ပစ္စည်းများ ၊ အခြား လူသုံးကုန် ပစ္စည်းများနှင့် ပတ်သက်၍ အပြန်အလှန် ညှိနှိုင်း ဆွေးနွေး ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger