www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 12, 2013

ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ အသိပညာပေး ဟောပြောပွဲကျင်းပ



တောင်ကြီး ၊ ၁၂-၃-၂၀၁၃

ရှမ်းပြည်နယ် ၊ တောင်ကြီး တက္ကသိုလ် ဘက်စုံခန်းမတွင် မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့မှ ကြီးမှူး၍ အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနား တွင် ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေ က အမျိုးသမီး ရေးရာအဖွဲ့ အကြောင်း သိကောင်းစရာ များ ရှင်းလင်း၍ အဖွင့် အမှာစကား ပြောကြားသည်။ ယင်းနောက် ရှမ်းပြည်နယ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အထူးအဖွဲ့မှ ဒုတိယ ရဲမှူး မြင့်ဝင်းက လူမှောင်ခို နှင့် လူကုန်ကူးမှု ဆိုင်ရာများ အားလည်းကောင်း ၊ ရှမ်းပြည်နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း အတွင်းရေးမှူး ဒေါ်နန်းမိုးမိုးသီတာ က မူးယစ်ဆေးဝါး နှင့် ပတ်သက်၍ လည်းကောင်း ၊ ဦးအုန်းဝင်း ညွှန်ကြားရေးမှူး (ငြိမ်း) သစ်တော ဦးစီးဌာနက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်း နှင့် ပတ်သက်၍ လည်းကောင်း  အသီးသီး ဟောပြော ကြသည်။ ထို့နောက် တောင်ကြီး တက္ကသိုလ် စာကြည့်တိုက် အတွက် ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေ နှင့် အဖွဲ့ဝင် များက စာအုပ် ၊ စာစောင်များ လှူဒါန်း ခဲ့ကြသည်။

အဆိုပါ အခမ်းအနား သို့ ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ရှမ်းပြည်နယ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အထူးအဖွဲ့မှ အဖွဲ့ဝင်များ ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင်များ ၊ တောင်ကြီး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့် နှင့် ကထိက ဆရာ ၊ ဆရာမများ ၊ တက္ကသိုလ် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက် ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger