www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 11, 2013

တန်ဖိုးငွေကျပ်သိန်း ၃၃၀၀ ကျော် ဆုံးရှုံးစေခဲ့သည့် ပေါ့ဆမီး


မော်လမြိုင် ၊ ၁၁-၃-၂၀၁၃

မွန်ပြည်နယ် ၊ ကျိုက်မရော မြို့နယ် ၊ အနောက် တောင်ဘက် ၇ မိုင်ခန့် အကွာ မော်လမြိုင် ထင်းကြိုးဝိုင်း အတွင်း မြို့အ၀င်ပေါက် တောင်ခြေ ခန့်မှန်း မြေပုံညွှန်း (ယ- ၆၅၄ ၀၅၅) နေရာ၌ မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က ဦးတရုတ် ( မုဒုံ ပညာရေးမှူး ဟောင်း ) ၊ မုဒုံမြို့နေသူ ရာဘာခြံ အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်း မှုကြောင့် ဦးတရုတ် ၏ ရာဘာခြံ ဧက ၁၀၀ ခန့်ရှိသော စိုက်ပျိုးပြီး ၅ နှစ်သားခန့် ရာဘာပင် ၃၃၀၀၀ ခန့် မီးလောင်ကျွမ်း ခြင်းခံရသည်။ မီးလောင်ကျွမ်း မှု၏ ဆုံးရှုံးမှု တန်ဖိုးမှာ ရာဘာ တစ်ပင်လျှင် ဒေသပေါက်ဈေး ကျပ် ၁၀၀၀၀ နှုန်းဖြင့် တန်ဖိုးငွေကျပ် သိန်း ၃၃၀၀ ခန့် ဆုံးရှုံး ခဲ့ကြောင်း သိရသည်။  အဆိုပါ မီးလောင်ရာသို့ ဒေသခံ ရာဘာခြံ ပိုင်ရှင်များ နှင့် ဒေသခံ ခြံအလုပ်သမား ၈၀ တို့ ပူးပေါင်း၍ မီးငြိမ်းသတ် ခဲ့ရာ မတ်လ ၉ ရက်နေ့ ည ၁၀ နာရီ အချိန်တွင် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း နှင့် မီးစတင် လောင်ကျွမ်း ခဲ့သည့် နေရာနှင့် အကြောင်းအချက် များကို စုံစမ်း စစ်ဆေးဆဲ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger