www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 1, 2013

ဂျပန်နည်းပညာဖြင့် သင်ကြားမည့် စက်ချုပ်သင်တန်း ဖွင့်မည်


ရန်ကုန် ၊ ၁-၂-၂၀၁၃

လူမှုဝန်ထမ်း ဦးစီးဌာန ၏ စီစဉ်မှုဖြင့် ဂျပန်နည်းပညာ စင်တီမီတာ ဖြင့် သင်ကြားပေးမည့် စက်ချုပ် သင်တန်းကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင် ဖွင့်လှစ် သင်ကြားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် စင်တီမီတာ ဖြင့် အင်္ကျီချုပ်နည်း ၊ အမျိုးသမီး ၀တ် ခေတ်ပေါ် ပုံစံ အမျိုးမျိုး ၊ အမျိုးသမီး ၀တ် ရင်စေ့ ပုံစံ အမျိုးမျိုး ၊ အမျိုးသမီး ၀တ် ရင်ဖုံး ပုံစံ အမျိုးမျိုး တို့ သင်ကြား ပေးမည် ဖြစ်ကာ သင်တန်းကို စနေ နှင့် တနင်္ဂနွေ ပိတ်ရက် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ဖွင့်လှစ် သင်ကြားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ တက်ရောက် လိုသူများ သည် သင်တန်း လျှောက်လွှာ များကို ကျောင်းအုပ်ကြီး ၊ မသန်စွမ်း သက်ကြီး သင်တန်းကျောင်း ၊ အမှတ်(၆၅) ၊ ကျိုက်ဝိုင်း ဘုရားလမ်း ၊ မရမ်းကုန်း မြို့နယ် ၊ ရန်ကုန်မြို့ ၊ ရန်ကုန်တိုင်း ဒေသကြီး တွင် ရယူနိုင်ပြီး အသေးစိတ် အချက်အလက် များ သိရှိလိုပါက ဖုန်း ၀၁- ၉၆၆ ၁၇၁၂ ၊ ၀၉- ၇၃၀၁ ၆၂၈၈ ၊ ၀၉- ၇၃၀၇ ၄၈၅၆ ၊ ၀၉- ၄၉၃၀ ၆၄၀၇ နှင့် ၀၉- ၄၂၀၁ ၂၄၈ ၄၀ သို့တို့ စုံစမ်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger