www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 3, 2013

ဆီးဂိမ်း ပြိုင်ပွဲဝင် မြန်မာ့ရိုးရာခြင်းလုံး ပဏာမလက်ရွေးစင် ရွေးချယ်ပွဲကျင်းပ



ရန်ကုန် ၊ ၃-၂-၂၀၁၃

မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်မှု ကြီးမှူး ကျင်းပသော ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲဝင် မြန်မာ့ ရိုးရာ ခြင်းလုံး အသင်း အတွက် ပဏာမ မြန်မာ့ လက်ရွေးစင် ရွှေးချယ်ပွဲ ကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အောင်ဆန်း အားကစား ပြိုင်ဝင်းတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွေးချယ်ပွဲ အတွက် ကျင်းပသော ပြိုင်ပွဲတွင် အားကစား နှင့် ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးနော်တောင် က ပဏာမ လက်ရွေးစင် ရွှေးချယ်မှု နှင့် စပ်လျဉ်း၍ အဖွင့် အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင် အသင်းများ မူလအဆင့် ယှဉ်ပြိုင်မှု များအား ကြည့်ရှု အားပေး ခဲ့သည်။

ပြိုင်ပွဲအလိုက် မူလအဆင့် (ပထမနေ့) နှင့် အဆင့်မြင့် ဒုတိယ အဆင့် (ဒုတိယနေ့) အဖြစ် နှစ်ပိုင်း ခွဲထားပြီး တိုင်းဒေသကြီး နှင့် ပြည်နယ် ၊ ၀န်ကြီး ဌာနများ နှင့် ကလပ် အသင်းများမှ အားကစား သမားများ ပါဝင် ယှဉ်ပြိုင်ကြသည်။ မူလအဆင့် နှင့် ဒုတိယ အဆင့် တွင် တစ်ဖွဲ့လျှင် ၆ ဦး တစ်ဝိုင်း တွဲကာ အမျိုးသား ၁၀ ဖွဲ့ ၊ အမျိုးသမီး ၆ ဖွဲ့ ပါဝင် ယှဉ်ပြိုင် အရွေးခံ သွားမည် ဖြစ်သည်။ ထို ပြိုင်ပွဲများမှ အမျိုးသား - အမျိုးသမီး ၂၅ ဦးစီ ကို စိစစ် ရွေးချယ်၍ ဆီးဂိမ်း ၊ နေပြည်တော် တွင် စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger