www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 4, 2013

တရုတ်နိုင်ငံသို့ ချဉ်ပေါင်ဖာလာသီး များတင်ပို့

ရန်ကုန် ၊ ၄-၂-၂၀၁၃

မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်ရေး စခန်း တစ်ခု ဖြစ်သည့် မူဆယ်၁၀၅ မိုင်မှ တရုတ် နိုင်ငံသို့ တင်ပို့လျက် ရှိသော ချဉ်ပေါင် ဖာလာသီး များမှာ တောင်ငူ ၊ လယ်ဝေး ၊ ပျဉ်းမနား ဒေသတစ်ဝိုက် စိုက်ပျိုး ထွက်ရှိသော ကုန်များ ဖြစ်ပြီး တရုတ်နိုင်ငံ ရွှေလီ ဈေးကွက်သို့ တင်ပို့ ရောင်းချလျက် ရှိကြောင်း အဆိုပါ နယ်စပ် ကုန်သွယ်ရေး စခန်းမှ သိရသည်။

ဒေသတွင်းရှိ တောင်သူ များထံမှ တစ်တင်းလျှင် ကျပ် ၁၂၀၀၀၀ ကျော်ခန့် ပေါက်ဈေး ပေးဝယ်ယူ လျက်ရှိကြောင်း ၊ ဈေးကောင်း ပေးရသော မြန်မာ့ ချဉ်ပေါင် ဖာလာများကို တစ်ဘက် နိုင်ငံရှိ ပရဆေး လုပ်ငန်းများ နှင့် အမွှေးအကြိုင် များအဖြစ် အသုံးပြု လျက် ရှိကြောင်း ၊ တစ်ဖက် နိုင်ငံရှိ တရုတ် ကုန်သည်များမှ တစ်ကီလိုလျှင် ကျပ်ငွေ ၄၅၀၀ ကျော် ဈေးပေး ၀ယ်ယူ လျက်ရှိကြောင်း ၊ ယင်းကြောင့် မြန်မာ့ တောင်သူ များအနေဖြင့် ချဉ်ပေါင် ဖာလာသီး ပင်များကို အများအပြား စိုက်ပျိုး ထုတ်လုပ် သင့်ပြီး တစ်ဖက် ဈေးကွက်တွင်လည်း ဈေးနှုန်းမှာ ကောင်းမွန် နေသောကြောင့် အများအပြား တင်ပို့ သင်ကြောင်း ဈေးကွက် အတွင်းရှိ ကုန်သည်များက ပြောကြားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger