www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 3, 2013

ရော်ဘာ ထုတ်လုပ်သူများ အရည်အသွေးမြင့် ရော်ဘာများထုတ်လုပ်၍ ဈေးကွက် တိုးချဲ့မည်


ရန်ကုန် ၊ ၃-၂-၂၀၁၃

မြန်မာနိုင်ငံ သည် ၁၈၇၆ ခုနှစ်မှ စတင်၍ ရော်ဘာများ စိုက်ပျိုးလျက် ရှိပြီး တစ်နှစ်ထက် တစ်နှစ် ပိုမို စိုက်ပျိုးလျက် ရှိသည်။ ရော်ဘာတု နှင့် သဘာဝ ရော်ဘာ ဟူ၍ ၂ မျိုးရှိပြီး အရည်အသွေး ကိုလိုက်၍ အဆင့် ၅ ဆင့် သတ်မှတ် ထားကြောင်း သိရသည်။

မြန်မာ ၊ ထိုင်း ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ ဗီယက်နမ် နှင့် အိန္ဒိယ တို့တွင် အများဆုံး စိုက်ပျိုး ကြပြီး မြန်မာ နိုင်ငံသည် ပြည်ပ ၀င်ငွေ ရရှိစေသော ရော်ဘာစိမ်းအား တင်ပို့ ရောင်းချရာ ပင်လယ် ရေကြောင်းမှ ၂၀၁၀ -၂၀၁၁ တွင် တန်ချိန် ၄၆၆၀၀ ကျော် ၊ ၂၀၁၁ - ၂၀၁၂ တွင် တန်ချိန် ၃၃၀၀၀ ကျော် နှင့် ၂၀၁၂ - ၂၀၁၃ ( ဇန် ၁၁ ရက်ထိ) တန်ချိန် ၂၂၀၀၀ ကျော် တင်ပို့ပြီး ဖြစ်ကြောင်း သိရသည်။ ယခင်က MSR (TSR) ၂၀ အဆင့် ရှိ Crepe Rubber ကိုသာ ထုတ်လုပ် နိုင်ခဲ့ပြီး ယခုအခါ MSR (TSR) ၁၀ အဆင့် ရော်ဘာကို ထုတ်လုပ် နိုင်ပြီး ပြည်ပသို့ တင်ပို့နိုင်ရန် ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန တွင် ပို့ကုန် လိုင်စင် လျှောက်ထား နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရုတ် နိုင်ငံသည် ကမ္ဘာ့ ရော်ဘာ ၀ယ်လိုအား အများဆုံး နိုင်ငံဖြစ်ကာ ပြီးခဲ့သည့် နှစ်အတွင်း ကုန်ထုတ်လုပ်မှု တိုးတက် ခဲ့ခြင်းကြောင့် ၀ယ်လိုအား မြင့်တက် လာမည်ဟု ခန့်မှန်း လာကြပြီး ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများ အနေဖြင့် သက်ဆိုင်ရာ အသင်းအဖွဲ့ များနှင့် ပူးပေါင်း၍ ကမ္ဘာ့ အရည်အသွေး သတ်မှတ်ချက် နှင့်အညီ အရည်အသွေးမြင့် ရော်ဘာများ ထုတ်လုပ်၍ ဈေးကွက် ပိုမို ရရှိရန် ဆောင်ရွက် နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger