www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 7, 2013

မြစ်ကြီးနား မြို့ပေါ်ရှိ ပြောင်းရွှေ့ မိသားစုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်



မြစ်ကြီးနား ၊ ၇-၂-၂၀၁၃

နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ဦးဆောင်၍ တာဝန်ရှိ သူများ လိုက်ပါကာ ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ အတွင်း နယ်မြေ လုံခြုံရေး အရ ခေတ္တ ပြောင်းရွှေ့ ရောက်ရှိ နေထိုင် သူများအား သွားရောက် တွေ့ဆုံကာ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခြင်း နှင့် မိသားစု များအား တွေ့ဆုံကာ ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်း ပေးအပ်ခြင်းကို နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ၊ ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ ၊ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် Mr. VJ NANVIRA ၊ ပြည်နယ် ၀န်ကြီးချုပ် နှင့် တာဝန်ရှိသူများ လိုက်ပါကာ မြို့သစ်ကြီး ရပ်ကွက် ၊ ဂျန်မိုင်ကောင်း နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း တည်းခိုရေး စခန်းသို့ ရောက်ရှိ ခဲ့ပြီး ပြောင်းရွှေ့ မိသားစု များအား ဆေးဝါးမျိုးစုံ ၊ အနွေးစောင် နှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ကာ အားပေး စကား ပြောကြား ခဲ့သည်။

ယင်းနောက် စခန်း တာဝန်ခံ ဦးအောင်မြတ် က ပြောင်းရွှေ့ စခန်း အခြေအနေ နှင့် လိုအပ်ချက် များကို ရှင်းလင်း၍ ကျေးဇူးတင် စကား ပြောကြား ခဲ့ပြီး နိုင်ငံတော် သမ္မတရုံး ၀န်ကြီးနှင့် တာဝန်ရှိ သူများသည် ပြောင်းရွှေ့ မိသားစု များအား ရင်းရင်း နှီးနှီး နှုတ်ဆက်ကာ နံနက် ၁၁ နာရီ တွင် စီတာပူ ရပ်ကွက် ၊ ဆွတ်ပိုင်တော် ဥပုဒ် စာဖြေနှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းရှိ ပြောင်းရွှေ့ မိသားစု များအား လည်းကောင်း ၊ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် သာဂရ သရက်တော ဘုန်းကြီးကျောင်း ကယ်ဆယ်ရေး စခန်းသို့ လည်းကောင်း သွားရောက်ကာ ထောက်ပံ့ ပစ္စည်းများ ပေးအပ်၍ ရင်းရင်း နှီးနှီး နှုတ်ဆက်ကာ အားပေး စကားများ ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger