ရန်ကုန် ၊ ၂၁-၁-၂၀၁၃
ဗြိတိန်နိုင်ငံ အသိအမှတ်ပြု LCCI စာမေးပွဲ
အတွက် လိုအပ်သည့် အင်္ဂလိပ်စာ စာမေးပွဲကို Hawaii Education က ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ
၉ ရက်နှင့် ၁၀ ရက်နေ့ တို့တွင် အခမဲ့ စစ်ဆေး ပေးမည် ဖြစ်ကြောင်း သိရသည်။
၂ နာရီကြာ စစ်ဆေးမည့် အဆိုပါ စာမေးပွဲ
အောင်မြင်မှုကို Grade A, B နှင့် C ဟု သတ်မှတ်ကာ ၁၀၀ ရာခိုင်နှုန်း စကောလားရှစ် ၊ ၅၀
ရာခိုင်နှုန်း နှင့် ၂၅ ရာခိုင်နှုန်း ဟူ၍ အဆင့်လိုက် ပေးအပ် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အခမဲ့ အရည်အချင်း စစ်စာမေးပွဲကို ဖြေဆိုလိုသူများ
အနေဖြင့် Hawaii Education ၊ အမှတ်(၁၉၂) ၊ ပထမထပ် ၊ ၂၈ လမ်း (အထက်) ၊ ပန်းဘဲတန်း မြို့နယ်
၊ ရန်ကုန်မြို့ ၊ ဖုန်း ၀၁- ၂၄၈၂၁၁ သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရှိရသည်။
No comments:
Post a Comment