www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 14, 2013

သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေး ရိပ်သာ တည်ဆောက်မည်



ရန်ကုန် ၊ ၁၄-၁-၂၀၁၃

Save The Aged သက်ကြီး ရွယ်အိုများအား စောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေး ပရဟိတ လူငယ်များ အသင်းက သက်ကြီးရွယ်အို များအား စောင့်ရှောက်ရန် အတွက် ရိပ်သာတစ်ခု တည်ဆောက် သွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ယင်းဘိုးဘွား စောင့်ရှောက်ရေး ရိပ်သာအား အရှေ့ဒဂုံ မြို့နယ်တွင် တည်ဆောက် သွားရန် စီစဉ်နေပြီး ဖြစ်ကြောင်း စမ်းချောင်း မြို့နယ် ၊ အေးစေတီ ကျောင်း၌ ၄-၁-၂၀၁၃ ရက်တွင် ပြုလုပ်ခဲ့သော Save The Aged ၏ ၃ နှစ်ပြည့် အလှူပွဲတွင် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယင်းအသင်းကို ၂၀၁၀ ခုနှစ် ၊ ဇန်န၀ါရီ ၃ ရက်တွင် စတင်ဖွဲ့စည်း ခဲ့ပြီး ရန်ကုန် ပင်မ အခြေစိုက် အသင်းအပြင် စင်ကာပူ ၊ မလေးရှား ၊ ဘန်ကောက် ၊ တရုတ် ၊ ဂျပန် ၊ ရုရှား ၊ ဒူဘိုင်း အစရှိသော ပြည်ပ နိုင်ငံများ တွင်လည်း အဖွဲ့ခွဲများ ဖွဲ့စည်း ထားကြောင်း သိရသည်။ ယခုလက်ရှိ လုပ်ကိုင်နေသော အဖွဲ့တွင် အဖွဲ့ဝင် ၂၀၀ ခန့်ရှိပြီး အွန်လိုင်းတွင် အဖွဲ့ဝင် ၃၀၀၀ ကျော် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger