www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, January 12, 2013

စက်မှုဇုန်သစ်များ ဖော်ထုတ်ရာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များသာ ဦးစားပေး ဆောင်ရွ

စက်မှုဇုန်သစ်များ ဖော်ထုတ်ရာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များသာ ဦးစားပေး ဆောင်ရွက်မည် ဇန်န၀ါရီလ(၁၂) ရက်နေ့ မြန်မာနိုင်ငံ တွင် စက်မှုဇုန်သစ် များ ဖော်ထုတ်ရာတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ အတွက်သာ ဦးစားပေး ဆောင်ရွက် သွားမည် ဖြစ်ပြီး လက်ရှိ စက်မှုဇုန် များ ဖွံ့ဖြိုး တိုးတက် စေရန် ဆက်လက် လုပ်ဆောင် သွားရန် ညွှန်ကြား ထားကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။ ရန်ကုန်မြို့တွင် လက်ရှိ လည်ပတ်နေသည့် စက်မှုဇုန် ၂၄ ဇုန် ရှိပြီး အဆိုပါ စက်မှုဇုန်များ၏ ခန့်မှန်းခြေ ဧကမှာ ၂၀၀၀၀ ဧက ပတ်ဝန်းကျင် အထိ ရှိနေပြီး လက်ရှိ လုပ်ငန်း လည်ပတ်နေသည့် စက်ရုံမှာ ၃၅၆၂ ရုံသာ ရှိနေပြီး စက်မှုဇုန် မြေကွက်များ၏ ၈၀ ရာခိုင်နှုန်း ၀န်းကျင်ခန့်မှာ မြေဈေး ကစားသူများ၏ လက်တွင်း ကျရောက် နေကြောင်း၊ စက်မှုဇုန်များတွင် လက်ရှိ လုပ်ကိုင်နေသော လုပ်ငန်းရှင် အချို့က ပြောကြားကြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger