အပြည်ပြည်ဆိုင်ရာ ဗောဓိ အေးငြိမ်းရိပ်သာ၏ (၁၄)ကြိမ်မြောက် ရက် ၆၀ တရားစခန်းပွဲ ဖွင့်မည်
ဇန်န၀ါရီလ(၁၃)ရက်နေ့
ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရုံးဟောင်းလမ်း၊ မြို့ကြီးကုန်း-ရိပ်သာ ရပ်ကွက်ရှိ မောင်းထောင် မြေဇင်း တောရတိုက်ခွဲ အပြည်ပြည်ဆိုင်ရာ ဗောဓိ အေးငြိမ်းရိပ်သာ ၌ (၁၄)ကြိမ်မြောက် ရက် ၆၀ တရားစခန်းကို ပြာသိုလပြည့်နေ့ ၂၆-၁-၂၀၁၃ ရက်နေ့ စနေနေ့ နံနက် ၈ နာရီတွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရှိရသည်။ တရားစခန်း ၀င်ရောက် လိုသူ ယောဂီများ သည် ကြိုတင် စာရင်း ပေးသွင်း နိုင်ပြီး၊ ယောဂီ ဟောင်းများလည်း ပြန်လည် လက်ခံကြောင်း သိရှိရသည်။ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၉၂၀၃၃၃၃၄၄ ၊ ၀၉၇၃၀၃၅၇၅၇ ၊ ၀၉၇၃၁၃၉၈၉၆ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရ သည်။
No comments:
Post a Comment