www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 23, 2013

သုခရိပ်မြုံ (မန္တလေး) လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ဖွင့်လှစ်



မန္တလေး ၊ ၂၃-၁-၂၀၁၃

HIV/ AIDS ရောဂါပိုး၏ ဆိုးကျိုး သက်ရောက်မှုများ ခံစား နေရသော ကလေးငယ်များ ( HIV Infected ) ကို အသက်ရှင် နေထိုင် သမျှ ကာလ အပိုင်းအခြားတွင် မိသားစု အခွင့်အရေးကို တတ်နိုင်သမျှ ပြည့်ဝစွာ ခံစား နေထိုင်နိုင်ရေးကို ရှေးရှု၍ စုပေါင်း မတည် လှူဒါန်းငွေ များဖြင့် သခရိပ်မြုံ (မန္တလေး) လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အဖွဲ့ကို ဇန်န၀ါရီ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ၊ ပြည်ကြီး တံခွန် မြို့နယ် ၊ မြ၀တီ မင်းကြီးကျောင်း ၊ ဘုံပျံတောရ (ပန်းခြံလမ်း) ၊ ၆၂ လမ်းတွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ ဂေဟာသည် HIV ရောဂါပိုးကြောင့် ရောဂါ ဝေဒနာ ခံစားနေသော ကလေးငယ်များ ( HIV Infected ) ကို အသက်ရှင် နေထိုင် သမျှကာလတွင် စနစ်တကျ ပြုစု စောင့်ရှောက်ပြီး ကျောင်းနေခွင့် ၊ စာမေးပွဲ ဖြေဆိုခွင့် ရရှိအောင် စီစဉ်ပေးခြင်း ၊ ပန်းချီ ၊ ပန်းပု ၊ လက်မှု လုပ်ငန်း စသည့် အသက်မွေး ပညာရပ်များကို သင်ကြား ပို့ချ သွားမည် ဖြစ်ပါကြောင်း ၊ အသက် (၁)နှစ်ခွဲ မှ (၁၂)နှစ်အရွယ် အမိ အဖ နှစ်ဦးစလုံး မရှိတော့သည့် HIV ကူးစက်ခံ နေရသော ကလေးငယ် (၅၀) ဦးအထိ လက်ခံ ကျွေးမွေး စောင့်ရှောက် သွားမည် ဖြစ်ကြောင်း ယခု လက်ရှိတွင် ကလေးငယ် (၁၁)ဦးအား စောင့်ရှောက် ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger