www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 15, 2013

အရာတော်မြို့နယ်အတွင်း ရေလျှံတွင်း တူးဖော်အောင်မြင်


မုံရွာ ၊ ၁၅-၁-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် နောင်ကြီးအိုင် ကျေးရွာအုပ်စု ၊ အောင်သုခ ကျေး ရွာ တို့တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၏ အနီးကပ် ကြီးကြပ်မှုဖြင့် ရေအရင်းအမြစ် ဦးစီးဌာန၏ ကူညီပံ့ပိုးမှု ကျေးရွာ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ ရရှိရေးအတွက် စက်အမှတ် DRB ၀၀၃ ဖြင့် (၁၇.၁၂.၂၀၁၂) ရက်နေ့မှ စတင်တူးဖော်ခဲ့ရာ (၈.၁.၂၀၁၃) ရက်နေ့တွင် အနက် (၉၀၀) ပေ သို့ အရောက်တွင် ရေလျှံတွင်း အား(၄) လက်မပိုက်ဖြင့် တူးဖော် အောင်မြင်ခဲ့ကြောင်း သိရသည်။

အရာတော် မြို့နယ်အတွင်းရှိ အောင်သုခ ကျေးရွာလေးသည် အိမ်ထောင်စု (၁၄၁)စု ၊ လူဦးရေ (၈၀၈) ဦးနေထိုင်သော ကျေးရွာသည် တောင်သူ လုပ်ငန်းဖြင့် အသက် မွေးဝမ်းကြောင်း ကြသည်။ ထိုသို့တောင် သူ လုပ်ငန်း လုပ်ကိုင်ရသော ကျေးရွာလေးသည် နွေရာသီသို့ ရောက်လျှင် ရေအခက်အခဲ သည် နှစ်စဉ် ကြုံတွေ နေရကြောင်း ၊ ယခုလို ရေလျှံတွင်း တူးဖော် ပေးသော သက်ဆိုင်ရာ လူကြီးများကို ကျေးဇူးတင် ပါကြောင်း ၊ ယခင်က ရွှေမလို ၊ ငွေမလို ၊ ရေကိုသာ လိုသည် ဆိုသော ဆောင်ပုဒ် အတိုင်း တွေ့ကြုံခဲ့ ရသော ကျွန်တော်တို့ အညာမြေရဲ့ ရေဒုက္ခဟာ အခုတော့ ရွှေပေါ ၊ ငွေပေါ ၊ ရေပေါ လာပြီ ဖြစ်တာမို့ စိုက်ပျိုးရေ ၊ သောက်သုံးရေမှ အစ အားလုံး ဖူလုံနေပြီမို့ ကျေးရွာသူ ကျေးရွာသားများ  ၀မ်းသာ ပီတိ ဖြစ်ရပါကြောင်း တောင်သူတစ်ဦး ၀မ်းသာ ပီတိစကားအား ကြားသိခဲ့ရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger