www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 1, 2013

ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲ ကျင်းပမည်

ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲ ကျင်းပမည် ဇန်န၀ါရီ(၁)ရက်နေ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် First Myanmar Investment Co.,Ltd (FMI) တို့ ပူးပေါင်း ကျင်းပမည့် ရိုးမ-ရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန် အပြေး ပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်သူ့ ဥယျာဉ်၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ မာရသွန် ပြိုင်ပွဲတွင် ၄၂ ကီလိုမီတာ ပြေးပွဲ၊ ၁၀ ကီလိုမီတာ ပြေးပွဲနှင့် ၃ ကီလိုမီတာ မိသားစု အပျော် ပြေးပွဲတို့ ဖြစ်ပြီး ပြိုင်ပွဲ ၀င်ကြေး တစ်ဦးကို ကျပ် ငါးထောင် ပေးသွင်း၍ ယှဉ်ပြိုင် နိုင်ပြီး ဆုကြေးငွေ များမှာ ၄၂ ကီလိုမီတာ တန်း အတွက် ပထမဆု အမေရိကန် ဒေါ်လာ ၂၅၀၀ ၊ ဒုတိယဆု အမေရိကန် ဒေါ်လာ ၁၂၀၀ နှင့် တတိယဆု အမေရိကန် ဒေါ်လာ ၆၀၀ ချီးမြှင့်မည် ဖြစ်ပြီး ၁၀ ကီလိုမီတာ တန်း အတွက် ပထမဆု အမေရိကန် ဒေါ်လာ ၈၀၀ ၊ ဒုတိယဆု အမေရိကန် ဒေါ်လာ ၄၀၀ နှင့် တတိယဆု အမေရိကန် ဒေါ်လာ ၂၅၀ ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး သီးသန့် ပြိုင်ပွဲများ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး မာရသွန် ပြိုင်ပွဲမှ ရရှိသော ပြိုင်ပွဲ ၀င်ကြေး များကို ပရဟိတ အဖွဲ့ အစည်း များသို့ လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရပြီး ပါဝင် ယှဉ်ပြိုင် လိုသူ များသည် ရန်ကုန်မြို့၊ ဗိုလ်ချုပ် အောင်ဆန်း လမ်းရှိ ဂရင်း မီးရထားဟိုတယ် တွင် စာရင်း ပေးသွင်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger