ရန်ကုန် ၊ ၁၅-၁-၂၀၁၃
၂၀၁၃ ခုနှစ် ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း
တပ်မတော် (ကြည်း ၊ ရေ ၊ လေ) တိုက်ကွမ်ဒို ပြိုင်ပွဲ ပထမနေ့ ပြိုင်ပွဲများကို ယမန်နေ့
နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ၊ အောင်ဆန်း အားကစား ပြိုင်ဝင်းရှိ မိုးလုံလေလုံ ခန်းမ၌
ပြိုင်ပွဲများ အလိုက် ကျင်းပ ပြုလုပ်သည်။
အဆိုပါ ဖွင့်ပွဲနေ့တွင် ကျင်းပသည့်
တိုက်ကွမ်ဒို အတိုက် ပြိုင်ပွဲများတွင် (ဂ) အဆင့် ပင်းဝိတ်တန်း (၁၉)ပွဲ ၊ (ခ)အဆင့်
လိုက်ဝိတ်တန်း ပွဲစဉ်(၂)ပွဲ ၊ (ခ)အဆင့် ၀ယ်တာဝိတ် တန်းပွဲစဉ် (၂)ပွဲ ၊ (ဂ)အဆင့် ပင်းဝိတ်တန်း
ပွဲစဉ် (၆)ပွဲ ၊ (ခ)အဆင့် ပြိုင်ပွဲများတွင် လိုက်ဝိတ်တန်း ပွဲစဉ် (၁)ပွဲ ၊ ၀ယ်တာဝိတ်တန်း
ပွဲစဉ်(၁)ပွဲ ၊ (ဂ)အဆင့် ပင်းဝိတ်တန်း ပွဲစဉ် (၁)ပွဲ ဖြစ်သည်။ ကကွက်ပြိုင်ပွဲ တွင်
(ဂ) အဆင့် တစ်ဦးချင်း ကကွက် ပြိုင်ပွဲ (၁၁)ပွဲ ပါဝင်ကာ ပြိုင်ပွဲ ၂ ရပ်ပေါင်း (၄၃)ပွဲ
ဖြစ်ပြီး တပ်မတော် (ကြည်း ၊ ရေ ၊ လေ) မှ အရာရှိ ၊ စစ်သည်များ ပါဝင် ယှဉ်ပြိုင် ကြသည်။
အဆိုပါ တိုက်ကွမ်ဒို ပြိုင်ပွဲအား ၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီ ၁၄ ရက်မှ ၁၉ ရက်နေ့ထိ ကျင်းပ
ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။





No comments:
Post a Comment