မန္တလေးတိုင်း ဒေသကြီး ၊ အောင်မြေသာစံ
မြို့နယ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနား အား
ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁၁) အခြေခံ ပညာ အထက်တန်း ကျောင်း၌ ကျင်းပ ပြုလုပ်ရာ အောင်မြေသာစံ
မြို့နယ် ၊ မြို့နယ် ပညာရေးမှူး ဦးဥာဏ်ဝင်း ၊ လက်ထောက် မြို့နယ် ပညာရေးမှူး ဦးစိုးဝင်း
၊ အောင်မြေ သာစံမြို့နယ် အတွင်းရှိ (ထက် ၊ လယ် ၊ မူ) ကျောင်းများမှ ကျောင်းအုပ် ဆရာကြီး
၊ ဆရာမကြီးများ ၊ ဖိတ်ကြားထား သူများ ၊ ဆုရ ကျောင်းသား ကျောင်းသူများ တက်ရောက် ကြကြောင်း
သိရသည်။
အဆိုပါ အခမ်းအနားတွင် " ပညာရေး
စုံညီပွဲတော် " သီချင်းဖြင့် သီဆိုဖွင့်လှစ် ပေးကြပြီး တိုင်းဒေသကြီး အဆင့် ၊
မြို့နယ် အဆင့်နှင့် ကျောင်းတွင်း ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူ များအား မြို့နယ်
ပညာရေးမှူး ၊ လက်ထောက် မြို့နယ် ပညာရေးမှူး နှင့် ကျောင်းအုပ် ဆရာကြီး ဆရာမကြီးများက
ဆုများ အသီးသီး ပေးအပ် ချီးမြှင့် ကြကြောင်း သိရှိရသည်။
No comments:
Post a Comment