www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 8, 2013

မြန်မာ-ထိုင်း စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပမည်

မြန်မာ-ထိုင်း စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပမည် ဇန်န၀ါရီ(၈)ရက်နေ့ ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပို့ကုန် မြှင့်တင်ရေး ဌာန DITP မှ ကြီးမှူး၍ ဇန်န၀ါရီ ၁၁ ရက်နေ့ သောကြာနေ့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲ အထိ ရန်ကုန်မြို့၊ အလုံလမ်းရှိ ဆန်းမစ်ဗတ်ဗျူး ဟိုတယ်၌ ထိုင်း-မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် ရှုးဖိနပ်၊ သားရေအိတ်၊ အမျိုးသား အမျိုးသမီး၊ ကလေး အ၀တ်အထည်များ၊ ဖက်ရှင် အထည်များ တို့နှင့် စပ်လျဉ်း၍ မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ နှင့် တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ကြား ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger