www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 15, 2013

စာအုပ်ဈေးရောင်းပွဲနှင့် စာပေဟောပြောပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁၅-၁-၂၀၁၃

မြန်မာနိုင်ငံ စာအုပ်ထုတ်ဝေသူများနှင့် ရောင်းချသူများ အသင်းက စာအုပ် ဈေးရောင်းပွဲနှင့် စာပေဟောပြောပွဲ များကို ကျင်းပမည် ဖြစ်ရာ ဇန်န၀ါရီ ၂၆ ၊ ၂၇ နှင့် ၂၈ ရက်များတွင် " တော်ဝင်စင်တာ " ၌ စာအုပ် ဈေးရောင်းပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ပြီး ဇန်န၀ါရီ ၃၁ ရက် ၊ ဖေဖော်ဝါရီ ၁ ၊ ၂ နှင့် ၃ ရက်များတွင် " အမျိုးသား ကဇာတ်ရုံ " ၌ စာအုပ် ဈေးရောင်း ပွဲတော် ကျင်းပကာ ဈေးရောင်း ပွဲတော် ရက်များအတွင်း မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီ အထိ တစ်နေ့လျှင် စာပေ ပညာရှင် (၃)ဦး တို့က စာပေ ဟောပြောပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

စာပေမြတ်နိုး သူများသည် စာအုပ် ဈေးရောင်း ပွဲတော်များတွင် စိတ်တိုင်းကျ လာရောက် လေ့လာ ၊ ၀ယ်ယူ နိုင်ပြီး အမျိုးသား ကဇာတ်ရုံ စာပေ ဟောပြောပွဲကို အခမဲ့ လာရောက် နားထောင် နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger