www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 22, 2013

မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန် ညီလာခံ ကျင်းပမည်



ရန်ကုန် ၊ ၂၂-၁-၂၀၁၃

(၃၃)ကြိမ်မြောက် မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆရာဝန် ညီလာခံနှင့် 14th FDI-MDA Joint Educational Meeting ကို ဇန်န၀ါရီ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ရန်ကုန်မြို့ ၊ ဆူးလေ ဘုရားလမ်းရှိ Traders ဟိုတယ်၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံတွင် ပြည်တွင်းမှ သွားဘက်ဆိုင်ရာ ဆေးပညာရှင် များ၏ သုတေသန စာတမ်းများနှင့် အပြည်ပြည် ဆိုင်ရာ သွားဘက်ဆိုင်ရာ ဆေးလောကမှ ထင်ရှားသော သွားဘက်ဆိုင်ရာ ဆေးပညာရှင် များ၏ ဟောပြော ပို့ချမှုများ ပါဝင်မည် ဖြစ်သည်။ ထို့ပြင် နိုင်ငံခြား ကုမ္ပဏီ များနှင့် ပြည်တွင်း ကုမ္ပဏီများမှ သွားဘက်ဆိုင်ရာ ဆေးပစ္စည်း များနှင့် ကိရိယာများ ခင်းကျင်း ပြသမည့် ဆေးပြခန်းများ ပါဝင်မည် ဖြစ် သည်။

ညီလာခံ တက်ရောက်မည့် မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆရာဝန် များသည် ဇန်န၀ါရီ ၂၂ ရက်နှင့် ၂၃ ရက်နေ့ များတွင် Traders ဟိုတယ် ညီလာခံ မှတ်ပုံတင် ရုံးခန်းတွင် နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၂ နာရီအထိ မှတ်ပုံတင် နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger