www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 25, 2013

မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲကျင်းပ

မန္တလေး ၊ ၂၅-၁-၂၀၁၃

မြန်မာ အပြည်ပြည် ဆိုင်ရာ ကုန်စည်ပြပွဲ ဖွင့်ပွဲအား ယမန်နေ့ နံနက် ၉ နာရီက မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ် ၊ မြို့တော် ခန်းမ(၁)၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအား မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေး ၀န်ကြီးဌာန ၊ မန္တလေး မြို့တော်ဝန် ဦးအောင်မောင်း ၊ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ၊ စီမံကိန်း နှင့် စီးပွားရေး ၀န်ကြီးဌာန ၀န်ကြီး တို့မှ ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး ပြသထားသော ပြခန်းများအား လှည့်လည် ကြည်ရှု့ အားပေး ကြသည်။

အဆိုပါ ကုန်စည်ပြပွဲတွင် ကားပြခန်းများ ၊ အရုပ်ဆိုင်များ ၊ ငါးအလှ မွေးကန်နှင့် အလှမွေးငါး အရေးပြခန်း ၊ အီလက်ထရောနစ် ပစ္စည်းများ ၊ ဖုန်းနှင့် ဆက်စပ် ပစ္စည်း ပြခန်းများ ၊ ကွန်ကရစ် အုတ်ရိုက်စက် ၊ ရန်ကုန်မြို့မှ လာရောက် ပြသသော စာအုပ်တိုက်များ ပါဝင် ပြသထားကာ ပြပွဲအား ဇန်န၀ါရီလ ၂၆ ရက်နေ့ အထိ ဖွင့်လှစ် ပြသသွားမည် ဖြစ်ပြီး ပြပွဲလာ ပြည်သူများအား နိုင်ငံကျော် မန္တလေးမြို့မ တေးဂီဘ ပညာရှင်များ ၊ အဆိုတော်များက ဖျော်ဖြေကြမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger