www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 18, 2013

ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီး ဇန်န၀ါရီ ၂၇ ရက်တွင် ပြည်သူ့ရင်ပြင်ရှေ့မှ တာလွှတ်မည်



ရန်ကုန် ၊ ၁၈-၁-၂၀၁၃

ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးအား ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ နှင့် First Myanmar Investment (FMI) တို့ ပူးပေါင်း၍ ၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီ ၂၇ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး ၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင် နှင့် ပြည်သူ့ ဥယျာဉ်ရှေ့၌ နံနက် ၅ နာရီ ၃၀ မိနစ်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ မာရသွန် အပြေး အားကစား သမား ၅၂၀ ဦး နှင့် မြန်မာ မာရသွန် အပြေး အားကစား သမား ၅၃၀ ဦး ၊ စုစုပေါင်း ၁၀၅၀ ဦး ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ မာရသွန် ပြိုင်ပွဲအား ၂၀၁၃ ခုနှစ် ၊ အရှေ့တောင် အာရှ အားကစား ပွဲတော်အကြို လှုံ့ဆော် လှုပ်ရှားမှု နှင့် အားကစား စိတ်ဓာတ် ၊ အားကစား အသိအမြင် ၊ ဗဟုသုတ ပိုမို ကြွယ်ဝ လာစေရန် မြန်မာနိုင်ငံ၏ ပကတိ အခြေအနေ များနှင့် သဘာဝ ရေမြေ အလှတို့ကို အပြည်ပြည် ဆိုင်ရာမှ ပိုမို သိရှိလာကာ နိုင်ငံတော် စီးပွားရေး လုပ်ငန်းများ နှင့် ခရီးသွား လာရေး လုပ်ငန်း များတွင် တစ်ဖက် တစ်လမ်းမှ အထောက်အကူ ပြုစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ကျင်းပ သွားမည် ဖြစ်ပြီး မြန်မာ ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ စင်ကာပူ ၊ ဗီယက်နမ် ၊ ထိုင်း ၊ လာအို ၊ ဖိလစ်ပိုင် ၊ ဘရူနိုင်း ၊ အရှေ့တီမော ၊ ကမ္ဘောဒီးယား စသည့် နိုင်ငံများ အပြင် တရုတ် ၊ အိန္ဒိယ ၊ ဂျပန် ၊ အင်္ဂလန် ၊ အမေရိကန် ၊ သြစတြေးလျ ၊ အီသီယိုး ပီးယား နှင့် ကင်ညာ စသည့် နိုင်ငံများမှ မာရသွန် အပြေး အားကစား သမားများ ပါဝင် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

ပြိုင်ပွဲအား ၄၂ ကီလိုမီတာ ၊ ၁၀ ကီလိုမီတာ နှင့် ၃ ကီလိုမီတာ ဟူ၍ ပြိုင်ပွဲ အမျိုးအစား များသတ်မှတ် ထားရှိပြီး ပြေးလမ်းကြောင်း များအဖြစ် ၄၂ ကီလိုမီတာ တွင် ပြည်လမ်း ၊ ပြည်သူ့ရင်ပြင် ရှေ့မှ မင်္ဂလာဒုံ မြို့နယ် ခရေပင် လမ်းဆုံ ၊ ခရေပင် လမ်းဆုံ မှ ခရေပင် လမ်းအတိုင်း အောက်မင်္ဂလာဒုံ လမ်းဆုံ ၊ အောက်မင်္ဂလာဒုံ လမ်းဆုံမှ အောက်မင်္ဂလာဒုံ လမ်းအတိုင်း ဗဟိုလမ်း (အင်းစိန် ဂျီတီအိုင်) လမ်းဆုံ ၊ ဗဟိုလမ်း (အင်းစိန် ဂျီတီအိုင်) လမ်းဆုံမှ လမ်းသစ်လမ်း (အင်းစိန် ပန်းခြံ) ၊ လမ်းသစ်လမ်း အတိုင်း မင်းဓမ္မလမ်းဆုံ ၊ မင်းဓမ္မ လမ်းအတိုင်း ပါရမီ လမ်းဆုံ ၊ ပါရမီ လမ်းဆုံမှ ပါရမီ လမ်းအတိုင်း ပြည်လမ်းဆုံ နှင့် ပြည်လမ်းအတိုင်း ပြည်သူ့ ရင်ပြင် အရှေ့ အထိ ဟူ၍ လည်းကောင်း ၊ ၁၀ ကီလိုမီတာ တွင် ပြည်လမ်း ၊ ပြည်သူ့ ရင်ပြင်ရှေ့မှ ကမာရွတ် အင်းယား လမ်းဆုံ ၊ အင်းယားလမ်းဆုံ မှ အင်းယားလမ်း အတိုင်း တက္ကသိုလ် ရိပ်သာ လမ်းဆုံ ၊ တက္ကသိုလ် ရိပ်သာ လမ်းမှ ပြည်လမ်း (လှည်းတန်း လမ်းဆုံ) နှင့် ပြည်လမ်း (လှည်းတန်း လမ်းဆုံ) မှ ပြည်လမ်း ၊ ပြည်သူ့ ရင်ပြင်ရှေ့ အထိ ဟူ၍ လည်းကောင်း ၊ ၃ ကီလိုမီတာတွင် အပြေး အားကစား သမား အပျော်တမ်း ၀င်ပြိုင် နိုင်ရန် ပြည်သူ့ ရင်ပြင် တစ်ပတ် ဟူ၍ လည်းကောင်း သတ်မှတ် ထားရှိပြီး အဆိုပါ ပြိုင်ပွဲ ကျင်းပမည့် ရက်တွင် ယင်း လမ်းကြောင်း များတွင် ယာဉ်ကြော သွားလာမှု ခေတ္တ ပိတ်ထားမည် ဖြစ်သည်။

ပြိုင်ပွဲတွင် ဆုကြေးများ အဖြစ် အတန်းအလိုက် ပထမ မှ ပဉ္စမ အထိ အမေရိကန်ု ဒေါ်လာများ ထိုက်ထိုက် တန်တန် ချီးမြှင့် သွားမည် ဖြစ်ပြီး ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက FMI Centre ၊ ဖုန်း ၀၁- ၂၄၀၃၆၃ သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger