www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 9, 2013

ရုပ်ရှင် အနုပညာသင်ကျောင်း အပတ်စဉ်(၃) ဖွင့်လှစ်မည်

ရုပ်ရှင် အနုပညာသင်ကျောင်း အပတ်စဉ်(၃) ဖွင့်လှစ်မည် ဇန်န၀ါရီလ(၉)ရက်နေ့ မြန်မာ့ ရုပ်ရှင်လုပ်ငန်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးတို့၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ် ထားသော ရုပ်ရှင် အနုပညာ သင်ကျောင်း သည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ပုလဲဥယျာဉ် အိမ်ရာ၊ ပုလဲ ကွန်ဒိုဝင်းတွင် တည်ရှိသည်။ ရုပ်ရှင် အနုပညာသင် ကျောင်းတွင် ကျောင်းအုပ် ဆရာကြီး အဖြစ် အကယ်ဒမီ ဒါရိုက်တာ စည်သူ ကြည်စိုးထွန်း က တာဝန်ယူ ဆောင်ရွက်လျက် ရှိပြီး အဆိုပါကျောင်း မှ ရုပ်ရှင် သရုပ်ဆောင် သင်တန်း အပတ်စဉ်(၁)နှင့် (၂)ကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။ ယခုအခါ အပတ်စဉ်(၃)ကို ထပ်မံ ဖွင့်လှစ်မည် ဖြစ်၍ အနုပညာဖြင့် အောင်မြင် ထင်ရှားလိုသူများ၊ အနုပညာကို ချစ်မြတ်နိုးသူများ တက်ရောက် သင်ကြား နိုင်ကြောင်း၊ လူဦးရေ ကန့်သတ်ထားသဖြင့် အမြန်ဆုံး စာရင်းပေးသွင်း နိုင်ကြောင်းနှင့် ဆက်သွယ် စုံစမ်း မေးမြန်း လိုပါက ဖုန်း ၀၁၅၅၅၉၀၅၊ ၀၁၅၅၅၆၂၄၊ ၀၉၄၉၃၁၈၀၀၁၊ www.laurelartacademy.com ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger