www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 9, 2013

မြန်မာ့ရိုးရာ ခြင်းလုံး လူရွေးပွဲ ကျင်းပမည်

မြန်မာ့ရိုးရာ ခြင်းလုံး လူရွေးပွဲ ကျင်းပမည် ဇန်န၀ါရီလ(၉)ရက်နေ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ခြင်းလုံးအသင်း အောင်မြင်မှု ရရှိရေးနှင့် ရွှေ့တံဆိပ်များ ဆွတ်ခူးနိုင်ရေးအတွက် မြန်မာ့ရိုးရာ ခြင်းလုံး လက်ရွေးစင်များ ရွေးချယ်ခြင်း ပြိုင်ပွဲကို လာမည့် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့ အောင်ဆန်း အားကစား ပြိုင်ဝင်း (မိုးလုံလေလုံ) အားကစား ခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာ့ရိုးရာ ခြင်းလုံး လက်ရွေးစင် ရွေးချယ်ခြင်း ပြိုင်ပွဲတွင် Champion Challenge Cup တိုပြိုင်ပွဲ၊ မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်၊ ပဏာမ လက်ရွေးစင်များ နှင့် ပြင်ပမှ မည်သည့် အားကစား သမား မဆို တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ ၀င်ကြေး အခမဲ့ဖြင့် အရွေးချယ်ခံ ပါဝင် ယှဉ်ပြိုင်နိုင်ကြောင်း သိရှိရသည်။ ပြိုင်ပွဲဝင်ရောက် အရွေးချယ်ခံ မည့် အားကစား သမားများ သည် ကြိုတင် လေ့ကျင့် ထားရန်နှင့် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်သို့ ဇန်န၀ါရီလ ၁၅ ရက်နေ့ နောက်ဆုံး ထား၍ စာရင်း ပေးသွင်းရန် နှင့် မြန်မာ့ရိုးရာ ခြင်းလုံး အဖွဲ့ချုပ် ဖုန်း ၀၁၃၉၃၄၂၀ သို့ ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger