www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 14, 2012

အိမ်ခန်းပေါင်း ၁ သောင်းအထိ ပါဝင်မည့် အိမ်ရာစီမံကိန်း နှစ်ခုအတွက် တည်ဆောက်လို သည့် ကုမ္ပဏီများ ကို မကြာမီ တင်ဒါ ခေါ်မည်

အိမ်ခန်းပေါင်း ၁ သောင်းအထိ ပါဝင်မည့် အိမ်ရာစီမံကိန်း နှစ်ခုအတွက် တည်ဆောက်လို သည့် ကုမ္ပဏီများ ကို မကြာမီ တင်ဒါ ခေါ်မည် ဒီဇင်ဘာ(၁၄)ရက်နေ့ ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း အိမ်ခန်းပေါင်း ၁ သောင်းကျော် အထိ ပါဝင်မည့် အိမ်ရာစီမံကိန်း နှစ်ခု အတွက် တည်ဆောက် လိုသည့် ကုမ္ပဏီ များအား မကြာမီ တင်ဒါ ခေါ်ယူမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန မှ သိရသည်။ အဆိုပါ အိမ်ရာ စီမံကိန်းမှာ ဒဂုံဆိပ်ကမ်း မြို့နယ် အတွင်းရှိ ဧရာဝဏ်နှင့် ရတနာ အိမ်ရာ စီမံကိန်းများ ဖြစ်ပြီး တင်ဒါ ခေါ်ယူရာ တွင် သတ်မှတ် ချက် ၁၄ ချက် ပါဝင်မည် ဖြစ်ကြောင်း၊ သတ်မှတ်ချက် များနှင့် ကိုက်ညီအောင် လုပ်ဆောင် နိုင်မည့် ကုမ္ပဏီများ ကိုသာ လုပ်ကိုင်ခွင့် ချထားပေး မည်ဖြစ် ကြောင်း သိရသည်။ ဒဂုံဆိပ်ကမ်း အိမ်ရာ နှစ်ခုမှာ ၀င်ငွေနည်း မိသားစု နှင့် ၀င်ငွေ အလယ်အလတ် တတ်နိုင်သည့်သူများ လိုချင်သော အိမ်မျိုး ၃ မျိုးလောက် ခွဲပြီး တည်ဆောက် သွားမည် ဖြစ်ကြောင်း အိုးအိမ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက်အရ သိရသည်။ အလားတူ ရန်ကုန်တိုင်း ဒေသကြီး အတွင်း တန်ဖိုးနည်း အိမ်ရာ အခမ်းပေါင်း ၁၂၀၀၀၀ ကျော် ကို အသုတ်များခွဲကာ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင် များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger