www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 6, 2012

ရွှေတိဂုံစေတီတော်၌ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပမည်

ဒီဇင်ဘာ(၆)ရက်နေ့ ဆေးရုံ တက်ရောက်ကုသလျက်ရှိသည့် ဝေဒနာရှင် သွေးလိုသူ များအတွက် ရည်ရွယ် ပြုလုပ်သော ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ ကြီးမှူး ကျင်းပမည့် (၁၆) ကြိမ် မြောက် ဒါနဥပပါရမီ စုပေါင်း သွေးလှူဒါန်း ပွဲကို ဒီဇင်ဘာ ၂၃ ရက်နေ့ တွင် စေတီတော် ရာဟုထောင့် ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ သွေးလှူဒါန်း ပွဲကို ရဟန်းသံဃာများ၊ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ အောက်ရှိ အသင်းအဖွဲ့များ၊ ၀န်ထမ်းများ၊ ဘုရားဖူး ပြည်သူများ နှင့် လေးလ တစ်ကြိမ် ပြုလုပ်ခဲ့ပြီး လုပ်ငန်း မပျက် အများ ပြည်သူ အားလပ်ရက် ဖြစ်သည့် စနေ၊ တနင်္ဂနွေ နေ့မျိုးတွင် ကျင်းပလေ့ ရှိသည်။ မည်သူ မဆို လာရောက် လှူဒါန်း နိုင်သည့် ၄င်း သွေးလှူဒါန်းပွဲအား ၂၀၀၇ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် ပထမ အကြိမ် စတင် ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် (၁၅) ကြိမ်မြောက် အထိ သွေးပုလင်း ၁၀၄၆၈ အား လက်ခံ ရရှိခဲ့ကာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အမျိုးသား သွေးဌာနသို့ ပြန်လည် လှူဒါန်းခဲ့ပြီး ဖြစ်သည်။ ယင်း သွေးလှူဒါန်းပွဲ တွင် ရွှေတိဂုံ စေတီတော် အပေါ်၌ မိမိ၏ သွေးကို လှူဒါန်း ရခြင်းသည် မွန်မြတ် လှသည် ဟု ယူဆကာ လှူဒါန်း ကြသူများ ရှိသလို လေးလတစ်ကြိမ် လှူနေကြ ဖြစ်၍ လှူဒါန်း သူများလည်း ရှိကြောင်း အချို့မှာ ဘုရားဖူး လာရင်း ကြုံတောင့် ကြုံခဲ အခွင့် အရေး ဆိုကာ လှူဒါန်း သွားသူများ လည်း ရှိကြောင်း၊ ကိုယ်တိုင် သွေးမလှူ နိုင်သော် လည်း သွေးလှူပုဂ္ဂိုလ် များ ကျန်းမာစေရန် ရည်ရွယ်၍ အားဆေးများ၊ နွားနို့၊ ကြက်ဥ၊ ငှက်ပျောသီး များ၊ အအေးများ စသည့် အာဟာရ ဒါနများ လာရောက် လှူဒါန်း သူများလည်း ရှိသည်။ အဆိုပါ သွေးလှူဒါန်းပွဲ တစ်ကြိမ်လျှင် သွေးလှူရှင် ၆၀၀ မှ ၈၀၀ အထိ လာရောက် လှူဒါန်းလေ့ ရှိကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ တာဝန်ရှိသူ ထံမှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger