www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 7, 2012

စာပေရေချမ်းစင် ဖွင့်ပွဲ ဟင်္သာတမြို့နယ်တွင် ကျင်းပ

ဒီဇင်ဘာ(၇)ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ဝန်ဆောင်မှု ဖြစ်သော စာပေ ရေချမ်းစင် ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၀၈၀၀ ချိန်က ဟင်္သာ မြို့ မီးရထားဘူတာရုံတွင် ကျင်းပပြုလုပ်ရာ ခရိုင်အဆင့် ဌာနဆိုင်ရာ များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ပြည်သူများ အင်အား ၂၀၀ ခန့် တက်ရောက်ကြသည်။ ရှေးဦးစွာ ခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဦးဝင်းရှိန် မှ စာပေ ရေချမ်းစင် ဖွင့်လှစ်ရခြင်း အား ရှင်းလင်း ပြောကြားပြီး ဟင်္သာတ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြအေး၊ ခရိုင် ပြန်/ဆက် ဦးစီးမှူး ဦးဝင်းရှိန်၊ ဟင်္သာတ ဘူတာ ရုံပိုင်ကြီး ဦးအေးငွေ တို့မှ စာပေရေချမ်းစင် နှစ်ခုအား ဖွဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်ပြီး တက်ရောက် လာသူများမှ စာပေ ရေချမ်းစင် အား ကြည့်ရှုကြသည်။ ထို့နောက် ဟင်္သာတ အဝေးပြေး ကားဂိတ်ဝင်း အတွင်းရှိ စာပေ ရေချမ်းစင် အား နံနက် ၀၉၀၀ နာရီတွင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြအေး၊ ခရိုင် ပြန်/ဆက် ဦးစီးမှူး ဦးဝင်းရှိန်၊ ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်စိုး တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြ သည်။ အဆိုပါ ရေချမ်းစင်အား ဦးမြတ်ဇော် + ဒေါ်ဝါ၀ါ ``ဟင်္သာညီနောင်´´ မိသားစုမှ လှူဒါန်းခြင်း ဖြစ်ကြောင်း သိရပြီး ဟင်္သာတ မြို့နယ်တွင် စာပေ ရေချမ်းစင် ၂ ခု ထားရှိ ဖွင့်လှစ်ပြီး ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger