www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 4, 2012

ပြည်လုံးချမ်းသာ ဆုတောင်းပြည့်စေတီတော် ထီးတော်တင်လှူပွဲကျင်းပ

ပြည်လုံးချမ်းသာ ဆုတောင်းပြည့်စေတီတော် ထီးတော်တင်လှူပွဲကျင်းပ ဒီဇင်ဘာ(၄)ရက်နေ့
ကျိုင်းတုံမြို့၊ မုံလယ်ဓမ္မရိပ်သာ ပရ၀ုဏ်အတွင်း အများပြည်သူ ကောင်းမှုဖြင့် တည်ထား ကိုးကွယ် လျက်ရှိသော ပြည်လုံး ချမ်းသာ ဆုတောင်းပြည့် စေတီတော် ထီးတော် တင်လှူပွဲ အခမန်းအနားအား ဒီဇင်ဘာ ၂ ရက်နေ့ က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကျိုင်းတုံမြို့ရှိ ဆရာတော်၊ သံဃာတော်များ၊ တြိဂံဒေသ တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး နှင့် ဇနီး ဒေါက်တာ သီတာဇင်၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ နှင့် ဇနီးများ၊ ကျိုင်းတုံ ခရိုင် အထွေထွေ အုပ်ချုပ် ရေးမှူး ဦးခင်ဝင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သော ဧည့်သည်တော် များ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။ အခမ်းအနားကို ``နမောတဿ´´ သုံးကြိမ် ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး စေတီတော် ဘုံအဆင့်ဆင့် နှင့် ထီးတော် များအား ကပ်လှူ ပူဇော် ကြသည်။ ထို့နောက် ကြွရောက် လာကြသော ဧည့် ပရိသတ် များမှ ကျိုင်းတုံ မြို့နယ် သံဃာ့ နာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ဂမ္ဘီရ ထံမှ ငါးပါးသီလ ခံယူ ဆောက်တည် ကြပြီး ဆရာတော် သံဃာတော် များထံမှ အန္တရာယ် ကင်း ပရိတ် တရားတော် များ နာယူကြ သည်။ ဆက်လက်၍ လှူဖွယ် ပစ္စည်း များ ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်ချ အနုမောဒနာ တရား နာယူကြ သည်။ ထို့နောက် အခမ်းအနားကို ``ဗုဒ္ဓသာသနံ စိရံတိဌတု´´ သုံးကြိမ် ရွတ်ဆို၍ ရုတ်သိမ်းလိုက် ကြောင်း သိရှိရ သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger