www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 14, 2012

မြို့အ၀င်မုခ်ဦးအား အဆင့်တိုးမြှင့် ပြင်ဆင်ဆောင်ရွက်

မြို့အ၀င်မုခ်ဦးအား အဆင့်တိုးမြှင့် ပြင်ဆင်ဆောင်ရွက် ဒီဇင်ဘာ(၁၄)ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့သည် မန္တလေး-မူဆယ် သွား ပြည်ထောင်စု လမ်းမကြီး ပေါ်၌ တည်ရှိပြီး ခရီးသွား ဘုရားဖူး ပြည်သူများ စီးပွားရေးသမား များ နိုင်ငံခြားသား ခရီးသွားများ သွားရောက်ကြ လျက်ရှိရာ မြို့တော်အင်္ဂါရပ် များနှင့် ပြည့်စုံစေရန် ရည်ရွယ်၍ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ လဆန်းမှစ၍ လားရှိုးမြို့ မုခ်ဦးအား မြန်မာမှု လက်ယာများဖြင့် အဆင့်တိုးမြှင့် ပြင်ဆင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ အဆိုပါ မြို့အ၀င် မုခ်ဦး၌ မြန်မာမှု လက်ယာများ၊ ရှမ်းတိုင်းရင်းသား များ အမြတ်တနိုး တန်ဖိုး ထားသည့် အိုးစည် အရှည်များ ဆင်းရွှေစပါးနှံ များ ကနုတ်ပန်းများ၊ ရောင်စုံ ဆေးများဖြင့် အဆင့်မြှင့် ပြင်ဆင် ဆောင်ရွက်မှုများကို ဒီဇင်ဘာ လကုန်အပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger