www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 14, 2012

အောင်ဗောဓိမြေဇင်းတေရာ ဓမ္မရိပ်သာတွင် ရက် ၆၀ တရားစခန်း ဖွင့်မည်

အောင်ဗောဓိမြေဇင်းတေရာ ဓမ္မရိပ်သာတွင် ရက် ၆၀ တရားစခန်း ဖွင့်မည် ဒီဇင်ဘာ(၁၄)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ပျဉ်ထောင်ကျောင်း ကျေးရွာရှိ အောင်ဗောဓိ မြေဇင်းတောရ ဓမ္မရိပ်သာ ၌ ပဉ္စမအကြိမ် မြောက် ရက် ၆၀ တရားစခန်း ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ တရားစခန်း တွင် ကန္နီဥပနိသျှ အတိုင်း ကျေးဇူးတော်ရှင် မောင်းထောင်မြေဇင်း တောရ ဆရာတော်ကြီး ၏ တပည့်များ ဖြစ်ကြသော ဆရာတော် အရှင် က္ကုဒ္ဓိဗလ (ဘုတလင်) နှင့် ဦးဇောတိက (ပြင်ဦးလွင်) တို့က ဇန်န၀ါရီ ၆ ရက်မှ မတ်လ ၆ ရက်အထိ ရက် ၆၀ တိုင်တိုင် တရား ပြသမည် ဖြစ်ရာ တရားစခန်း ၀င်ရောက် လိုသော ယောဂီများ သည် ဖုန်း ၀၉၇၃၁၅၂၆၅၄ ၊ ၀၉၇၃၂၂၃၄၁၉ တို့သို့ ဆက်သွယ် စာရင်း ပေးသွင်း ရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger