www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 7, 2012

ရန်ကုန်မြိုကတော်စွန့်ပစ် အမှိုက်များအား စီမံခန့်ခွဲမှု နည်းပညာနှင့် စွန့်ပစ် ပစ္စည်းများမှ စွမ်းအင် ထုတ်လုပ်မှု စနစ် အား ဆွေးနွေး

ဒီဇင်ဘာ(၇)ရက်နေ့ ဆွေးနွေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့၊ ကုန်သည်ကြီး များ ဟိုတယ်၌ ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုး၊ ကော်မတီ ၀င် များနှင့် ဌာနမှူးများ၊ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံး၊ Mitsubishi Heavy Industries Ltd.(MHI), Mitsubishi Heavy Industries Environmental & Chemical Engineering Co.,Ltd(MHIEC) နှင့် JICA အဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ စာနယ်ဇင်း သမားများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ အစီအစဉ်အရ MHI မှ အာရှပစိဖိတ်ဒေသ MHIEC နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုး တို့က အဖွင့်အမှာစကား များ အသီးသီး ပြောကြား ကြသည်။ ဆက်လက်၍ MHI နှင့် MHIEC မှ General Manager Mr.Hideaki Shima က နိုင်ငံတကာအပေါ် ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု နှင့် အုပ်ချုပ်မှု ဆိုင်ရာများ ကိုလည်းကောင်း Project Director Mr. Ryuichi Horike က စွန့်ပစ်အမှိုက်မှ စွမ်းအင် ထုတ်လုပ်မှု ဆိုင်ရာ နည်းပညာ အဆင့်ဆင့်၊ တိရိစ္ဆာန် အညစ်အကြေး၊ မီးဖိုချောင် ထွက်ပစ္စည်း၊ မိလ္လာ စွန့်ပစ် ရေတို့မှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု၊ မြို့ပြ စီမံကိန်း ချထားမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် လူနေမှုဘ၀ ဆက်စပ် ပြောင်းလဲမှု တို့ကို လည်းကောင်း ဗီဒီယို ဆလိုက်များ ဖြင့် ရှင်းလင်း ပြောကြား ကြသည်။ အခမ်းအနားသို့ တက်ရောက်လာသူ များ၏ သိရှိလို သည်များကို MHI နှင့် MHIEC ကုမ္ပဏီမှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger