www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 13, 2012

(၁၅)ကြိမ်မြောက် မီးပုံးပျံခရီးစဉ် ပျံသန်းရန်စီစဉ်

(၁၅)ကြိမ်မြောက် မီးပုံးပျံခရီးစဉ် ပျံသန်းရန်စီစဉ် ဒီဇင်ဘာ(၁၃)ရက်နေ့ မြန်မာနိုင်ငံရှိ ခရီးသွားများ သွားရောက် လည်ပတ်မှု များပြားသော နေရာ ဒေသများသို့ ဒီဇင်ဘာည ၂၁ ရက်မှ ဇန်န၀ါရီ ၈ ရက်အထိ ၁၉ ရက်ကြာ မီးပုံးပျံ ခြောက်လုံးဖြင့် ပျံသန်းရန် စီစဉ်နေ ကြောင်း Gold Express ခရီးသွား ကုမ္ပဏီမှ သိရသည်။ ယင်းမီးပုံးပျံ ခရီးစဉ်မှ (၁၅) ကြိမ်မြောက် ပျံသန်းခြင်း ဖြစ်ပြီး ယခု အကြိမ်တွင် မီးပုံးပျံ ခြောက်လုံးဖြင့် အင်းလေး၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဟဲဟိုး၊ မန္တလေး နှင့် စစ်ကိုင်း တို့တွင် ပျံသန်းမည် ဖြစ်ကာ လေထီးခုန်မည့် အစီအစဉ်လည်း ရှိကြောင်း သိရသည်။ ယင်းခရီးစဉ်တွင် ဆွစ်ဇာလန် နိုင်ငံမှ စုံတွဲက ဦးဆောင်မည် ဖြစ်ပြီး ဂျာမနီ၊ သြစတေးလျ နှင့် ပြင်သစ် စသည့် နိုင်ငံပေါင်းစုံမှ နိုင်ငံခြားသား ၁၉ ဦး ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းအဖွဲ့သည် ၁၉၉၉ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံသို့ နှစ်စဉ် နှစ်တိုင်း မီးပုံးပျံ စီးနင်း ပျံသန်းပြီး ယခုကဲ့သို့ လာရောက် လည်ပတ်လေ့ ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger